မိုးညှင်း သြဂုတ် ၁ဝ
ကချင်ပြည်နယ် မိုးညှင်းမြို့ နယ် ဟိုပင်မြို့တွင် ငါးရှော့ခ်တိုက် ဖမ်းဆီးသူတစ်ဦး ချောင်းအတွင်း ၌ ရှော့ခ်တိုက်ပစ္စည်းကိရိယာအစုံ အလင်ဖြင့် ဓာတ်လိုက်သေဆုံးနေ သဖြင့် ဟိုပင်နယ်မြေရဲစခန်းမှသေ မှုသေခင်းရေးဖွင့်ထားခဲ့ပေသည်။
စုံစမ်းသိရှိရသည်မှာ ယမန်နေ့ နံနက် ၈ နာရီတွင် ဟိုပင်နယ်မြေ ရဲစခန်းတွင် ရဲအုပ်ဗျက်ဆန်းသည် စခန်းမှူးတာဝန်ထမ်းဆောင်နေစဉ် မြို့မမြောက်ရပ်ကွက်နတ်ကြီးကုန်း ကွက်သစ်ချောင်းချောက်အတွင်း၌ လူတစ်ဦးသေဆုံးနေကြောင်း မြို့မ မြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းဦးက အကြောင်းကြားခဲ့ သဖြင့် ရဲအုပ်ဗျက်ဆန်းနှင့်တပ်ဖွဲ့ ဝင်များသည် သက်သေများနှင့် အတူ အခင်းဖြစ်နေရာသို့ သွား ရောက်စစ်ဆေးခဲ့ကြသည်။
စစ်ဆေးတွေ့ရှိချက်အရ သေ ဆုံးသူမှာ ဟိုပင်မြို့ နန့်ရင်းကျေးရွာ ကွက်သစ်ရပ်ကွက်နေ သက်မျိုးနိုင် (ခ)မောင်နိုင်ဆိုသူဖြစ်ပြီး၎င်းသည် ဘက်ထရီ၁၂ဝဗို့နှင့်ငါးရှော့ခ်တိုက် ကိရိယာများကို ပိုးလျက်ရှော့ခ် တိုက်တံ နှစ်ချောင်းမှာ ရေချောင်း အတွင်းကျနေပြီး ငါးထည့်သည့် ကော်ပုံးအဝါမှာ ရင်ဘတ်ပေါ်တွင် တင်လျက် ပက်လက်အနေအထား ဖြင့် သေဆုံးနေကာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမတွေ့ရဘဲ ဓာတ် လိုက်သေဆုံးနေသည်ဟု ယူဆရ ပေသည်။
ထို့ကြောင့် ရဲအုပ်ဗျက်ဆန်းက တရားလိုပြုလုပ် အမှုဖွင့်လှစ်ခဲ့ သဖြင့် သက်မျိုးနိုင်(ခ)မောင်နိုင် (၃ဝနှစ်) ကွက်သစ်ရပ်ကွက် နန့် ရင့်အုပ်စု ဟိုပင်မြို့ မိုးညှင်းမြို့ နယ်နေထိုင်သူသေဆုံးမှုကို ဟိုပင် နယ်မြေရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် (၉/၂ဝ၁၈)ဖြင့် ရေးဖွင့် ထားခဲ့ကြောင်း သိရသည်။
ကချင်မြေနဂါး
Photo Credit - Mingalar Oo
The Union Daily
https://www.facebook.com/uniondaily.net/
မိုးညှင်းမြို့နယ် ဟိုပင်မြို့တွင် ငါးရှော့ခ်တိုက်သူတစ်ဦး ဓာတ်လိုက်သေဆုံး
Reviewed by THITHTOOLWIN
on
22:14
Rating:
