![]() |
၈၈ မျိုးဆက် ကျောင်းသား မမီးမီး |
ကဗျာ ဆရာ အောင်ပွင့် အမျိုးသမီး ရဲ့ နာရေး ကို လိုက်ပါပို့ဆောင်ခဲ့ ပြီး အပြန် ဧရာဝတီ တိုင်း ကျောင်းကုန်း မြို့ အနီးမှာ ယာဉ်တိုက်မှု ဖြစ်ပွား ခဲ့တာပါ။
မတော်တဆမှု ဖြစ်ပွား ခဲ့တဲ့ ကားပေါ်မှာ ၈၈ မျိုးဆက် ကျောင်းသား တွေ ဖြစ်ကြတဲ့ မနီလာသိန်း၊ ကိုဇော်ဝမ်းမောင်၊ မခက်ခက်တို၌လည်း လိုက်ပါ ခဲ့ကြပါတယ်။
မမီးမီးကို အရေးပေါ် ဆေးရုံတင် ဆေးကုသမှု ခံယူရာ ဆေးရုံမှာ ကွယ်လွန်သွားပြီလို့ ၈၈ မျိုးဆက်ပွင့်လင်း လူ့အဖွဲ့အစည်းက ကိုဂျင်မီနဲ့ အလုပ်သမားအရေး လှုပ်ရှားသူ ကိုနန္ဒာစစ်အောင်တို့က ဘီဘီစီကို အတည်ပြု ပြောကြားပါတယ်။
မမီးမီးရဲ့ ရုပ်အလောင်းကို ရန်ကုန် မြို့ကို ပြန်လည် သယ်ဆောင်မယ်လို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေက သူတို့ရဲ့ လူမှု ကွန်ရက်မှာ ရေးသား ပြောဆို နေကြပါတယ်။
BBC Burmese
https://www.bbc.com/burmese
၈၈ မျိုးဆက် ကျောင်းသူ၊ ပွင့်လင်း လူ့ အဖွဲ့ အစည်း က မမီးမီး ကွယ်လွန်
Reviewed by THITHTOOLWIN
on
19:16
Rating:
