လှိုင်းလေထန်သဖြင့် စက်တပ်ရေယာဉ်မှောက်ကာ လင်မယားနှစ်ဦး သေဆုံး


ကျိုက်မရော သြဂုတ် ၁

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကော့ပလော့ကျေးရွာအုပ်စု ကော့ဒွန်းကျေးရွာမှဦးလုနှင့် ဒေါ်မဲလုံးလင်မယားနှစ်ဦးသည် ဦးလေး ကျေးရွာသို့ စက်တပ်ရေယာဉ်ဖြင့် အသွား မက်ကသန်ကျေးရွာအနီးတွင် မိုးသည်းထန်စွာရွာသွန်းပီး လှိုင်းလေထန်သဖြင့် စက်လှေတိမ်းမှောက်ကာ လင်မယားနှစ်ဦးလုံး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့သည်။

ရေနစ်သေဆုံးအလောင်းများအား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကျိုက်မရောမြို့နယ်ဆေးရုံရှိရင်ခွဲရုံသို့ ပို့ဆောင်ပေး ခဲ့ကြကြောင်း သတင်းရရှိသည်။

ချိုမြတ်မြတ်ထွေး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
လှိုင်းလေထန်သဖြင့် စက်တပ်ရေယာဉ်မှောက်ကာ လင်မယားနှစ်ဦး သေဆုံး လှိုင်းလေထန်သဖြင့် စက်တပ်ရေယာဉ်မှောက်ကာ လင်မယားနှစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 23:17 Rating: 5
Powered by Blogger.