လမ်းဘေးတွင် အပေါ့စွန့်သည့်ကိစ္စနှင့် လူသတ်မှုမှ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိ

ကြည့်မြင်တိုင်မြို့နယ်၊ အေးရွာရပ်ကွက်၊ သမ္ဗန်ဆိပ်အနီးတွင် ဖြစ်ပွားခဲ့သော လူသတ်မှုမှ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိ
ရန်ကုန်၊ သြဂုတ် ၁၀

၅.၈.၂၀၁၈ ရက်နေ့ ည ၂၀း၄၅ နာရီအချိန်တွင် ကြည့်မြင်တိုင်မြို့နယ်၊
စက်ဆန်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင် များသည် ရဲစခန်း၌ လုပ်ငန်း
တာဝန်များဆောင်ရွက်နေစဉ် ကြည့်မြင်တိုင်မြို့နယ်၊ အေးရွာရပ်ကွက်၊
သမ္ဗန်ဆိပ်အနီးတွင် ဓားထိုးမှုဖြစ်ပွားကြောင်း သတင်းအရ သက်သေ
များနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာ၌ ဦးရန်အေးတွင်
လည်ဂုတ်၊ ယာကျောကုန်း၊ ၀ဲရင်ညွှန့်၊ ယာနံဘေး၊ ၀ဲလက်ကောက်ဝတ်၊
ဝဲလက်ဖျံတို့တွင် ထိုးသွင်းပြတ်ရှဒဏ်ရာများရရှိကာ သေဆုံးနေသည့်ကို
တွေ့ရှိရပြီး စုံစမ်းမေးမြန်းချက်အရ သေဆုံးသူမှာ ကျော်ရဲဝင်း(ခ)
ကျော်ကြီး လမ်းဘေးတွင်အပေါ့စွန့်သည့်ကိစ္စနှင့် ပတ်သက်၍ စကားများ
ရန်ဖြစ်စဉ် ကျော်ရဲဝင်း(ခ)ကျော်ကြီးမှ အသင့်ပါလာသည့်ဓားဖြင့်ထိုးခဲ့၍
ဒဏ်ရာများရရှိကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရရှိရပြီး ယင်းသို့
ဦးရန်အေးအား သေဆုံးအောင်ပြုလုပ်သူ ကျော်ရဲဝင်း (ခ)ကျော်ကြီး အား
စက်ဆန်းနယ်မြေရဲစခန်း(ပ) ၁၇၂/၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်
အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့သည်။

အမှုမှပြစ်မှုကျူးသူအား ဖမ်းဆီးရမိရေးအတွက် အနောက်ပိုင်းခရိုင်
ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များ၊ စက်ဆန်းနယ်မြေ
ရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က အဖွဲ့ငယ်များခွဲ၍
စုံစမ်းရှာဖွေဖမ်းဆီးခဲ့ရာ ၉.၈.၂၀၁၈ ရက်နေ့ ညနေ ၁၆း၄၅ နာရီအချိန်
တွင် ပြစ်မှုကျူးလွန်ပြီးထွက်ပြေး တိမ်းရှောင်နေသူ ကြည့်မြင်တိုင်မြို့
နယ်နေ ကျော်ရဲဝင်း(ခ)ကျော်ကြီးအား ကြည့်မြင်တိုင်မြို့နယ်၊ အလတ်
ချောင်းရပ်ကွက်၊ ဦးဥတ္တမလမ်းပေါ်မှ တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး အမှုဖြင့်
အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Yangon Police
https://www.facebook.com/yangonpolice
လမ်းဘေးတွင် အပေါ့စွန့်သည့်ကိစ္စနှင့် လူသတ်မှုမှ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိ လမ်းဘေးတွင် အပေါ့စွန့်သည့်ကိစ္စနှင့် လူသတ်မှုမှ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 12:50 Rating: 5
Powered by Blogger.