မူဆယ်-နမ့်ခမ်းလမ်း၌ ကုန်တင်ယာဉ်နှစ်စီး နစ်နေသဖြင့် ယာဉ်လမ်းကြောင်း ပိတ်ဆို့


နမ့်ခမ်း သြဂုတ် ၎

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်-နမ့်ခမ်းလမ်း နောင်လောင်းရွာအနီး၌ သြဂုတ် ၄ ရက် နံနက် ၆ နာရီခန့်က နမ့်ခမ်းဘက်သို့ ဦးတည်မောင်းနှင်လာသော ကုန်တင်ယာဉ်ကြီး နှစ်စီး တိမ်းစောင်းနစ်နေကြောင်း သိရသည်။

အဆိုပါယာဉ်များနစ်နေမှုကြောင့် လမ်းပိတ်ဆို့မှုဖြစ်ပြီး မူဆယ်-နမ့်ခမ်းပြေးဆွဲ နေကြသော ခရီးသည်တင်ယာဉ်များ၊ ကိုယ်ပိုင်ယာဉ်ငယ်များ၊ ဈေးသွားဈေးလာယာဉ် များ သွားလာ၍မရဘဲ နောက်ကြောင်းပြန်လှည့်ကြရပြီး နေ့စဉ် အလှည့်ကျပြေးဆွဲ နေကြသော ယာဉ်ငယ်အချို့မှာ ယာဉ်ငယ်ဂိတ်တွင်လာရောက်ဂိတ်မထိုးကြဘဲ ပြေးဆွဲ မှုရပ်ဆိုင်းခဲ့ကြရသည်။

မူဆယ်-နမ့်ခမ်းလမ်းသည် အရှည် ၁၉ မိုင်ခန့်ရှိသော အကျယ် ၁၈ ပေရှိ ကတ္တရာလမ်းဖြစ်သော်လည်း တန်ပိုကုန်တင်ယာဉ်များ ပြေးဆွဲနေမှုများ ကြောင့် လမ်းများပျက်စီးမှု တစ်နေ့တခြား ပိုမိုဆိုးရွားလာပြီး လမ်းတစ်လျှောက် ရွှံ့ဗွက်များ၊ ရွှံ့အိုင်ငယ်ချိုင့်ခွက်များဖြစ်ကာ ကုန်တင်ယာဉ်များနစ်ကြသဖြင့် မကြာ ခဏ လမ်းပိတ်ဆို့မှုဖြစ်ကာ ပြည်သူများ သွားလာရေးအဆင်မပြေဖြစ်ကြရကြောင်း သိရသည်။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မူဆယ်-နမ့်ခမ်းလမ်း၌ ကုန်တင်ယာဉ်နှစ်စီး နစ်နေသဖြင့် ယာဉ်လမ်းကြောင်း ပိတ်ဆို့ မူဆယ်-နမ့်ခမ်းလမ်း၌ ကုန်တင်ယာဉ်နှစ်စီး နစ်နေသဖြင့် ယာဉ်လမ်းကြောင်း ပိတ်ဆို့ Reviewed by THITHTOOLWIN on 09:57 Rating: 5
Powered by Blogger.