ဝနယ်မှာထုတ်တဲ့ မူးယစ်ဆေး ထိုင်းရဲ ဖမ်းဆီး

(ထိုင်းနိုင်ငံမှာ ဖမ်းဆီးမိတဲ့ မူးယစ်ဆေးဝါးတွေကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့က တွေ့ရစဉ်)
 မြန်မာနိုင်ငံက တင်သွင်းလာတဲ့ Methamphetamine ရာဘ စိတ်ကြွဆေးပြား ၁၄ သန်းကျော်ကို အယုဒ္ဓယမြို့မှာ ဖမ်းဆီးရမိကြောင်း ထိုင်းရဲတပ်ဖွဲ့က အင်္ဂါနေ့မှာ ကြေညာခဲ့ပါတယ်။

ဖမ်းဆီးမိတဲ့ အဲဒီမူးယစ်ဆေးဝါးတွေဟာ ကာလပေါက်ဈေးအရ အမေရိကန်ဒေါ်လာ ၄၅ သန်းဖိုးရှိပြီး မလေးရှားနိုင်ငံကို တင်ပို့မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး လက်ရှိမှာ ထိုင်းနိုင်ငံသား ၃ ဦးကို ဖမ်းဆီးထားပါတယ်။

မြန်မာနိုင်ငံ ရှမ်းပြည်နယ်ရှိ ဝတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိန်းချုပ်ရာဒေသမှာ ထုတ်လုပ်တဲ့ အဲဒီ စိတ်ကြွဆေးတွေကို မလေးရှားကနေတဆင့် ဥရောပ၊ အမေရိက၊ သြစတြေးလျ၊ ဂျပန်၊ စင်္ကာပူ၊ ကိုရီးယားစတဲ့ ကမ္ဘာအနှံ့ကို ထပ်ဆင့်တင်ပို့နေကြတယ်လို့ ထိုင်းရဲတပ်ဖွဲ့အကြီးအကဲ ဒု ဗိုလ်ချုပ်ကြီး Sommai Kongvisaisuk ဆွန်မိုင်း ကွန်ဗီဆိုင်ဆတ် ကပြောပါတယ်။

RFA Burmese
https://www.facebook.com/pg/rfaburmese
ဝနယ်မှာထုတ်တဲ့ မူးယစ်ဆေး ထိုင်းရဲ ဖမ်းဆီး ဝနယ်မှာထုတ်တဲ့ မူးယစ်ဆေး ထိုင်းရဲ ဖမ်းဆီး Reviewed by THITHTOOLWIN on 09:47 Rating: 5
Powered by Blogger.