မော်လဒိုက်အစိုးရကို ပွင့်လင်းမြင်သာမှုနဲ့အညီ ဆောင်ရွက်ဖို့ အိန္ဒိယဝန်ကြီးချုပ် တိုက်တွန်း

Photo: Narendra Modi's Facebook
အိန္ဒိယဝန်ကြီးချုပ် Narendra Modi က မော်လဒိုက်နိုင်ငံမှာ လာမယ့် စက်တင်ဘာ ရွေးကောက်ပွဲအကြိုအဖြစ် နိုင်ငံတွင်း ဒီမိုကရေစီရေးနဲ့ လွတ်လပ်တဲ့ တရားစီရင်ရေးတွေ ထွန်းကားလာဖို့ တိုက်တွန်းလိုက်ပါတယ်။

လွန်ခဲ့တဲ့လတွေအတွင်း အိန္ဒိယသမုဒ္ဒရာထဲက မော်လဒိုက်ကျွန်းစုနိုင်ငံလေးမှာ နိုင်ငံရေး အကျပ်အတည်းတွေ တွေ့ကြုံခဲ့ရပြီး သမ္မတတာဝန်ယူထားတဲ့ Abdulla Yameen က အတိုက်အခံတွေကို အကျဉ်းချထားသလို တချို့ကို ပြည်ပြေးတွေဖြစ်အောင် ဆောင်ရွက်ထားတာဖြစ်ပါတယ်။

ဝန်ကြီးချုပ်မိုဒီက မော်လဒိုက်အစိုးရအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လျောက်ရာမှာ ပွင့်လင်းမြင်သာမှုနဲ့ ဥပဒေနည်းလမ်းတွေနဲ့ အညီဆောင်ရွက်ဖို့ တိုက်တွန်းလိုက်တာဖြစ်ပါတယ်။ မော်လဒိုက်သမ္မတဟာ တရား သူကြီးချုပ် အပါအ၀င် တရားရုံးချုပ် တရားသူကြီးများနဲ့ နိုင်ငံကို နှစ်ပေါင်း ၃၀ သမ္မတတာဝန်ယူခဲ့တဲ့ ညီဝမ်းကွဲတော်သူ Abdul Gayyoom တို့ကိုလည်း ဖမ်းဆီးထားပါတယ်။

လက်ရှိသမ္မတရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ကလည်း စိုးရိမ်ကြောင်း ထုတ်ပြန်ထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
မော်လဒိုက်အစိုးရကို ပွင့်လင်းမြင်သာမှုနဲ့အညီ ဆောင်ရွက်ဖို့ အိန္ဒိယဝန်ကြီးချုပ် တိုက်တွန်း မော်လဒိုက်အစိုးရကို ပွင့်လင်းမြင်သာမှုနဲ့အညီ ဆောင်ရွက်ဖို့ အိန္ဒိယဝန်ကြီးချုပ် တိုက်တွန်း Reviewed by THITHTOOLWIN on 10:19 Rating: 5
Powered by Blogger.