ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် တိုယိုတာယာဉ် တိမ်းမှောက်၍ ယာဉ်မောင်းသေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရ

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် တိုယိုတာယာဉ် တိမ်းမှောက်၍ ယာဉ်မောင်းသေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရ
နေပြည်တော်၊ သြဂုတ် ၁၃

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ လှည်းကူးမြို့နယ်၊ အမှတ် (၃) လမ်းဆုံအပိုင်းတွင် ယနေ့နံနက် ၇ နာရီ မိနစ် ၅၀ က တိုယိုတာ ယာဉ်တစ်စီး တိမ်းမှောက်၍ ယာဉ်မောင်းသူ သေဆုံးခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၁၄/၃ အနီး နေပြည်တော် ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း တက်ထွန်းလင်း မောင်းနှင် လာသော တိုယိုတာယာဉ်မှာ ယာဘက်ရှေ့ဘီးပေါက်၍ အရှိန်မထိမ်းနိုင်ပဲ လမ်းလယ်ကျွန်းရှိ မယ်ဇလီပင်ကို တိုက်မိပြီး တိမ်းမှောက်ခဲ့သည်။

 ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ နှစ်ဦးအနက် ယာဉ်မောင်း တက်ထွန်းလင်းမှာ ရရှိသောဒဏ်ရာကြောင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ကျန်အမျိုးသမီးတစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သန်းဦး(လေးမျက်နှာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် တိုယိုတာယာဉ် တိမ်းမှောက်၍ ယာဉ်မောင်းသေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် တိုယိုတာယာဉ် တိမ်းမှောက်၍ ယာဉ်မောင်းသေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 18:38 Rating: 5
Powered by Blogger.