![]() |
နိုင်ငံရေး ပါတီ တွေကို ထောက်ခံ ကြသူတွေ အကြားမှာ တိုက်ခိုက်မှုတွေ ဖြစ်ပွား |
ဇင်ဘာဘွေ မြို့တော် ဟာရာရီ မှာ အတိုက်အခံ ပါတီ ကို ထောက်ခံကြတဲ့ လူတွေက ရွေးကောက်ပွဲ ရလဒ် ကို မကျေနပ် ကြတဲ့ အတွက် ဆန္ဒ ပြခဲ့ကြတာ ပါ။
အဲဒီမှာ မီးရှို့မှုတွေ၊ ကျောက်ခဲတွေ နဲ့ ပစ်ပေါက်တာတွေ၊ နိုင်ငံရေး ပါတီ တွေကို ထောက်ခံ ကြသူတွေ အကြားမှာ တိုက်ခိုက်မှုတွေ ဖြစ်ပွား လာတဲ့ အတွက် ရဲတပ်ဖွဲ့ က ပစ်ခတ် ခဲ့ရတာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ လောဆယ် မြို့လယ်ခေါင်မှာ ရဲတွေကို ကူညီ ဖို့နဲ့ တရားဥပဒေ စိုးမိုးရေး အတွက် စစ်တပ် ကိုပါ စေလွှတ် ထားပါတယ်။
အတိုက်အခံ MDC ပါတီ ကတော့ ဒီလို ပစ်ခတ် ချေမှုန်း မှုတွေကို ပြစ်တင် ရှုတ်ချ လိုက်ပြီး ဒါဟာ အရင် သမ္မတ မူဂါဘီ လက်ထက် က တုန်း ကလို တိုင်းပြည်ရဲ့ ကံဆိုးမိုးမှောင် ကျခဲ့တဲ့ အခြေအနေ မျိုး ဖြစ်တယ်လို့ ဆို လိုက်ပါတယ်။
ဇင်ဘာဘွေ နိုင်ငံမှာ မနေ့က ရွေးကောက်ပွဲ ကျင်းပ ခဲ့ရာမှာတော့ လက်ရှိ အာဏာရ ဇမ်နူး ပီအက်ဖ် ပါတီ က ပါလီမန် အမတ် နေရာ အတော်များ များ ကို အနိုင် ရရှိခဲ့တယ်လို့ ရွေးကောက်ပွဲ ကော်မရှင် က ကြေညာ ခဲ့ပြီး နောက်မှာ ဆန္ဒ ပြပွဲ တွေ ဖြစ်ပွား ခဲ့ရတာ ဖြစ်ပါတယ်။
![]() |
ဟာရာရီမြို့တော် လမ်းမတွေပေါ်မှာ စစ်မော်တော်ယာဉ်တွေနဲ့ စစ်သားတွေ စောင့်ကြပ်နေ |
ရွေးကောက်ပွဲ ကော်မရှင်ရဲ့ မဲရလဒ် ထုတ်ဖော် ကြေငြာ ချက် အရ လက်ရှိ အာဏာရ ဇမ်နူး ပီအက်ဖ် ပါတီ က လွှတ်တော်မှာ အမတ် နေရာ ၁၃၉ နေရာ အနိုင် ရရှိခဲ့ပြီး အတိုက်အခံ MDC ကတော့ ၅၉ နေရာသာ ရရှိ ခဲ့ပါတယ်။
ဒါကြောင့် လက်ရှိ အာဏာရ ပါတီ အနေနဲ့ ဇင်ဘာဘွေ ရဲ့ အခြေခံ ဥပဒေ ကို ပြင်ဆင် ဖို့ အခွင့်အရေး ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အခု ဇင်ဘာဘွေ အထွေထွေ ရွေးကောက်ပွဲ ဟာ မဲမသမာမှုတွေ နဲ့ ပြည့်နှက် နေခဲ့တယ်လို့ အတိုက်အခံ တွေက စွပ်စွဲ ပြောကြား နေပါတယ်။
ရွေးကောက်ပွဲ ကို စောင့်ကြည့် လေ့လာ ခဲ့တဲ့ တောင်အာဖရိက ဖွံ့ဖြိုးရေး ဆိုင်ရာ ကော်မရှင် ဘက်ကတော့ ဇင်ဘာဘွေ ရွေးကောက်ပွဲ ဟာ စည်းစနစ် တကျ ရှိခဲ့တယ်လို့ ပြောဆို ထားခဲ့ပါတယ်။
BBC Burmese
https://www.bbc.com
ဇင်ဘာဘွေ လုံခြုံရေး တပ်ဖွဲ့ တွေက ပစ်ခတ် မှု တွေ လုပ်ခဲ့လို့ အနည်းဆုံး လူ ၃ ဦး သေဆုံး ခဲ့ရ
Reviewed by THITHTOOLWIN
on
08:19
Rating:
