အင်တာနက်ကနေ ငွေခိုးယူသူတွေကို တရုတ်ရဲဖမ်းဆီး


 တနင်္ဂနွေနေ့က တရုတ်ရဲတွေ အင်တာနက်ကနေ ထိုးဖေါက်ဝင်ရောက်ပြီး တရုတ်ယွမ် သန်း ၆၀၀၊ အမေရိကန် ဒေါ်လာ ၈၇သန်း တန်ဖိုးရှိတဲ့ ငွေတွေကို ခိုးယူခဲ့သူ ၃ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆင်ဟွာသတင်းမှာ ဖေါ်ပြပါတယ်။

အင်တာနက်က လှည့်ပတ်ငွေ အမေရိကန်ဒေါ်လာ ၁၅ သန်းနဲ့ညီမျှတဲ့ ငွေတွေ သူ့ကွန်ပြူတာကို ဖေါက်ဝင်ပြီး အခိုးခံရတယ်လို့ တိုင်တန်းသူတဦးကြောင့် အာဏာပိုင်တွေက ပြီးခဲ့တဲ့ မတ်လလောက်ကတည်းက တရုတ်ပြည်မြောက်ပိုင်း Xian မှာ စုံစမ်းမှုတွေ စတင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အာဏာပိုင်တွေဟာ အင်တာနက်ကတဆင့် ငွေအလွှဲအပြောင်းလုပ်တာတွေက စတင်ထောက်လှမ်းခဲ့ပြီး တရုတ်နိုင်ငံအလယ်ပိုင်း ဟူနမ်က တရားခံတွေကို ဖမ်းဆီးရမိခဲ့ တာဖြစ်ပါတယ်။ သူတို့ဟာ ယွမ်ငွေ သန်း ၆၀၀ ကျော် ခိုးယူသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအမှုတွေနဲ့ပတ်သက်လို့ တရုတ်အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ၊ ကွင်းဆက်တွေကို ဆက်လက် ဆောင်ရွက် ရှာဖွေနေပါတယ်။

အလားတူ တရုတ်ပြည် အရှေ့ပိုင်းမှာလည်း အင်တာနက် အွန်လိုင်းကတဆင့် အမေရိကန်ဒေါ်လာ ၁ဘီလျံ ကျော်နဲ့ညီတဲ့ တရုတ်ယွမ်ငွေ ၇.၈ ဘီလျံ တန်ဖိုးရှိတဲ့ လောင်းကစားကွန်ရက်တခုကို ရဲ က ဖြိုခွင်းလိုက်ပါတယ်။

အဲဒီ အင်တာနက် လောင်းအစားလုပ်ငန်း လုပ်ကိုင်နေသူတွေဟာ ဖိလစ်ပိုင်အခြေစိုက် လောင်းကစားလုပ်ငန်းတခုကနေ တရားမ၀င် အမြတ်ငွေ ယွမ် သန်း ၆၅၀ ရရှိနေတယ်လိုက ဆိုပါတယ်။ အဲဒီ အွန်လိုင်း လောင်းကစားဝိုင်းတွေမှာ ၀င်ရောက်ကစားသူပေါင်း တသိန်းတသောင်းလေးထောင်လောက်ရှိတယ်လို့ ရဲ က ပြောပါတယ်။

အဲဒီ အင်တာနက် လောင်းအစားလုပ်ငန်းကို ၂၀၁၆ ခုနှစ် ဇန်န၀ါရီလက စတင် စုံစမ်းခဲ့တာဖြစ်ပြီး၊ အဓိက ကြိုးကိုင်သူတွေအဖြစ် သံသယရှိသူ လေးဦးကို ဘဏ်စာရင်း အချက်အလက်တွေကနေတဆင့် ထောက်လှမ်းသိရှိခဲ့တယ်လို့ ရဲက ပြောပါတယ်။

တရုတ်ပြည်မှာ ကာစီနို လောင်းကစားဝိုင်းတွေကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်ထားပါတယ်။

AP Photo
RFA Burmese
https://www.facebook.com/rfaburmese/
အင်တာနက်ကနေ ငွေခိုးယူသူတွေကို တရုတ်ရဲဖမ်းဆီး အင်တာနက်ကနေ ငွေခိုးယူသူတွေကို တရုတ်ရဲဖမ်းဆီး Reviewed by THITHTOOLWIN on 09:47 Rating: 5
Powered by Blogger.