![]() |
ဖျက်ချခွင့်လိုလားသူတွေ ဝမ်းနည်း |
သန္ဓေဖျက်ချတာကို တားမြစ်တဲ့ ရိုမန်ကက်သလစ် ခရစ်ယာန် အယူဝါဒ လွှမ်းမိုးရာ အာဂျင်တီးနားမှာ ဒီဥပဒေ အတည် ဖြစ်မလာဖို့ အရေး ကက်သလစ် ကျောင်းတော်က ဦးစီးဦးဆောင်လုပ်ပြီး အသည်းအသန် ကန့်ကွက် နေခဲ့ပါတယ်။
လက်ရှိ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဆိုရင်လည်း အာဂျင်တီးနား နိုင်ငံမှာ ဖွားမြင်ခဲ့သူ ဖြစ်ပါတယ်။
![]() |
မလိုလားသူတွေက ဝမ်းမြောက်ဝမ်းသာ |
![]() |
ဘာသာရေးလွှမ်းတဲ့ အာဂျင်တီးနားမှာ ဖျက်ချခွင့် ဥပဒေ အတည်မဖြစ် |
![]() |
လွှတ်တော်အပြင်ဘက် ထောက်ခံသူ ဆန့်ကျင်သူတွေ ဝရုန်းသုန်းကား |
တခါ၊ ကိုယ်ဝန်ဖျက်ချခွင့် လိုလားသူတွေကတော့ မဲရှုံးသွားတဲ့အခါ မကျေမနပ် ဖြစ်ခဲ့ကြပြီး ရဲတပ်ဖွဲ့နဲ့ကြားမှာပါ ထိပ်တိုက်ရင်ဆိုင်တာတွေ ပေါ်ပေါက် လာခဲ့ပါတယ်။
![]() |
ဖျက်ချခွင့်လိုလားသူတွေနဲ့ ရဲကြား ထိပ်တိုက်တွေ့ |
လက်ရှိ အာဂျက်တီးနား ဥပဒေအရ အဓမ္မ ပြုကျင့် ခံရတာကနေ ကိုယ်ဝန်ရှိသွားတဲ့ အခါမျိုးမှာ ဖြစ်စေ၊ မိခင်ရဲ့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခါမျိုးမှာဖြစ်စေ အဲဒီလို အခြေအနေမျိုးတွေမှာမှ ကိုယ်ဝန် ဖျက်ချခွင့် ပေးထားပါတယ်။
BBC Burmese
https://www.bbc.com
ကိုယ်ဝန် ၁၄ပတ်အတွင်း ဖျက်ချခွင့် အာဂျင်တီးနားမှာ ရှုံးနိမ့်
Reviewed by THITHTOOLWIN
on
05:00
Rating:
