မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ မှန်တန်းရပ်ကွက်၊ ယတ္တန်းရပ်ရှိ ရွှေကူကြီးဘုရားဝန်းအတွင်း သြဂုတ် ၂၅ ရက်၊ နေ့လယ်ပိုင်းက မူးယစ်ဆေးဝါးလာရောက်သုံးစွဲသူ ၅ ဦးကို နယ်မြေခံရဲတပ်ဖွဲ့များက ဝင်ရောက်ဖမ်းဆီးခဲ့ ကြောင်း သိရှိရသည်။
ရွှေကူကြီးဘုရားအရှေ့မုဒ်၊ ရတနာကျော်မော်ဘုရားတောင်ဘက်မုဒ်တွင် ဆိုင်ကယ်(၂)စီးနှင့် လူငယ်တစ်စု သည် မူးယစ်ဆေးဝါးလာရောက်သုံးစွဲနေကြောင်းသိရှိရသဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ရာ ရွှေကူကြီးဘုရားအရှေ့ ဘက် ရထားသံလမ်းခြားရှိ ပုထိုးတော်ကြီးဘုရားဘက်သို့ ထွက်ပြေးသွားသဖြင့် လိုက်လံပိတ်ဆို့ဖမ်းဆီးခဲ့ရ ကြောင်း သိရသည်။
ယင်းသို့ဖမ်းဆီးရာမှ ချမ်းမြသာစည်မြို့နယ်နေ ဝေယံဦး(၂၅)နှစ်၊ သီဟထွန်း(၂၄)နှစ်နှင့် ရဲလင်းဆွေ(၁၉)နှစ်၊ ပုသိမ်ကြီးမြို့နယ်နေ ထိန်လင်း(၂၅)နှစ်၊ မဟာအောင်မြေမြို့နယ်နေ စိုင်းလိုင်းမိန်း(၂၃)နှစ်တို့အား ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။
၎င်းတို့ထံမှ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့်ပစ္စည်းများ၊ သုံးစွဲရန်ကျန်နေသည့် ဘိန်းဖြူဟုယူဆရ သည့် အဖြူရောင်အမှုန့်(၀.၀၀၁)ဂရမ်ကို အဝါရောင်အအေးစုပ်ပိုက်ဖြင့်ထည့်ထားပြီး အနား(၂)ဖက်အား စတာ ပလာကလစ်ဖြင့် ညှပ်ချုပ်ထားသည့် အထုပ်တစ်ထုပ်ကို တွေ့ရှိရသည်။လက်ရှိတွင် မူးယစ်ဆေးဝါးသုံးစွဲရန်အလို့ငှာ လက်ဝယ်တွေ့ရှိသူ(၅)ဦးတို့အား အမရပူရမြို့မရဲစခန်း၌ မယ(ပ)၇ /၂၀၁၈၊ မူးစိတ်ပုဒ်မ ၁၆(ဂ)/ ၂၁ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ရတနာပုံ နေ့စဉ်သတင်းစာ
https://www.facebook.com/yadanabonnewspaper
အမရပူရရှိ ရွှေကူကြီး ဘုရားဝန်းအတွင်း မူးယစ်ဆေးသုံးစွဲသူများအား ဖမ်းဆီးအရေးယူ
Reviewed by THITHTOOLWIN
on
15:57
Rating:
