လူအများ ထိတ်လန့်စေရန် ရည်ရွယ်ချက်ဖြင့် ပြည်ကြီးတံခွန်မြို့နယ်တွင် ဗျောက်အိုးအား ပူဖောင်းဖြင့်ပတ်ပြီး အသံမြည်ဖောက်ခွဲမှုဖြစ်ပွား


ဖုန်းမှပေါက်ကွဲသည့် သဏ္ဍာန်ပြုလုပ်၍ လူအများ ထိတ်လန့်စေရန် ရည်ရွယ်ချက်ဖြင့် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်တွင် ဗျောက်အိုးအား ပူဖောင်းဖြင့်ပတ်ပြီး အသံမြည်ဖောက်ခွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (က)ရပ်ကွက် ၆၈x၆၉ လမ်းကြား လမ်းသွယ်(၁၅)နေ ဦးနေဝင်း၏ နေအိမ်ရှေ့ ကားလမ်းပေါ်၌ သြဂုတ်လ ၁၂ ရက်နေ့ ၂၂:၄၅ နာရီအချိန်က ပေါက်ကွဲသံကြားရ၍ တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ရာ AAA ဓာတ်ခဲ ၁ လုံး၊ တိပ်အဖြူ ပတ်ထားသည့် ဝါယာကြိုး အနီ ၁ ချောင်းနှင့် လက်ကိုင်ဖုန်းအပျက် ၁ လုံး၊ အခင်းဖြစ်နေရာနှင့် ၅၈ ပေခန့်အကွာတွင် ပူဖောင်းအပြာရောင်အပိုင်းအစများနှင့် ဗျောက်အိုးအား ပတ်ထားသည့် စက္ကူအပိုင်းအစများတွေ့ရှိခဲ့ပါသည်။


အဆိုပါပေါက်ကွဲမှုမှာ ဖုန်းပျက် (၁)လုံးအား အသုံးပြု ၍ ဖုန်းမှပေါက်ကွဲသည့် သဏ္ဍာန်ပြုလုပ်၍ လူအများ ထိတ်လန့်စေရန် ရည်ရွယ်ချက်ဖြင့် ဗျောက်အိုးအား ပူဖောင်းဖြင့်ပတ်ပြီး အသံမြည်ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး သက်သေခံပစ္စည်းများအား ပြည်ကြီးတံခွန် မြို့မရဲစခန်း၌ သိမ်းဆည်းထားကြောင်း သတင်းရရှိပါသည်။

The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
လူအများ ထိတ်လန့်စေရန် ရည်ရွယ်ချက်ဖြင့် ပြည်ကြီးတံခွန်မြို့နယ်တွင် ဗျောက်အိုးအား ပူဖောင်းဖြင့်ပတ်ပြီး အသံမြည်ဖောက်ခွဲမှုဖြစ်ပွား လူအများ ထိတ်လန့်စေရန် ရည်ရွယ်ချက်ဖြင့် ပြည်ကြီးတံခွန်မြို့နယ်တွင် ဗျောက်အိုးအား ပူဖောင်းဖြင့်ပတ်ပြီး အသံမြည်ဖောက်ခွဲမှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:14 Rating: 5
Powered by Blogger.