ရှစ်လေးလုံးနှစ် ၃၀ ပြည့် နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ကျင်းပ

ရှစ်လေးလုံးအရေးတော်ပုံ နှစ် (၃၀) ပြည့် အခမ်းအနားမှာ "တိုင်းရင်းသားများ တန်းတူညီမျှရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု" နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပစဉ်/ ဓါတ်ပုံ - ၈၈၈၈ နှစ် - ၃၀ ပြည့် သတင်းပြန်ကြားရေးနှင့် မှတ်တမ်း ဆပ်ကော်မတီ - ဖေ့စ်ဘွတ်
ရှစ်လေးလုံး လူထုအရေးတော်ပုံ နှစ် ၃၀ ပြည့်အခမ်းအနားအတွက် နိုင်ငံရေးဆွေးနွေးပွဲတွေကို ရန်ကုန်တက္ကသိုလ်ထဲမှာ ဒီနေ့ စတင်ကျင်းပနေပါတယ်။

အခုလို ရန်ကုန်တက္ကသိုလ်ထဲမှာ ကျင်းပခွင့်ရတဲ့အတွက် ၁၉၈၈ ခုနှစ်မှာ ပါတီစုံ ဒီမိုကရေစီရရှိရေးကို စတင် တောင်းဆိုခဲ့ကြတဲ့ကျောင်းသားတွေကို ဂုဏ်ပြုရာရောက်တယ်လို့ အခမ်းအနား ဖြစ်မြောက်ရေးကော်မတီ အဖွဲ့ဝင် ဦးရဲနိုင်အောင် က ပြောပါတယ်။

"ရှစ်လေးလုံး လူထုအရေးတော်ပုံကို ပထမဆုံးအကြိမ်ပေါ့ဗျာ၊ မိန်းထဲမှာ လုပ်ခွင့်ရတယ်ဆိုတော့ ဒီ အရေးတော်ပုံကြီးအတွက် ၈၈ ကတည်းက ပုံစံမျိုးစုံနဲ့လုပ်ခဲ့ကြတဲ့ ကျောင်းသူကျောင်းသားတွေကို ဂုဏ်ပြုရာရောက်တာပေါ့။ RC ထဲမှာတော့ အောက်ထပ်မှာ ဘေးပတ်ပတ်လည်မှာ ပြခန်းလေးတွေ အကျဉ်းထောင်ပုံစံလေး လုပ်ပြထားတယ်ပေါ့နော်၊ ရှစ်လေးလုံးနဲ့ပတ်သက်တဲ့ ဓာတ်ပုံတွေ၊ ဂျာနယ်ဆို ကော်ပီတွေ၊ စုံစုံလင်လင်ရှိပါတယ်၊ RC အပေါ်ထပ်မှာတော့ စာအုပ်ဆိုင် ၃ ဆိုင်ဖွင့်ထားတယ်၊ နောက် ဝိဇ္ဇာခန်းမထဲမှာတော့ စကားဝိုင်း ဘယ်သူမဆို ဝင်ဆွေးနွေးလို့ရတဲ့ စကားဝိုင်းပါ"

ဝိဇ္ဇာခန်းမမှာဆိုရင် စကားဝိုင်းအနေနဲ့ ရှစ်လေးလုံးကာလ ဖြတ်သန်းခဲ့မှု သမိုင်းကြောင်းတွေ၊ တိုင်းရင်း သားအရေး၊ ဖက်ဒရယ်အရေး စတဲ့ခေါင်းစဉ် ၃ ခု ကို ဒီကနေ့နဲ့ မနက်ဖြန်မှာ မည်သူမဆို ဝင်ရောက် ဆွေးနွေးခွင့်ပြုထားပါတယ်။

နှစ် ၃၀ ပြည့်တဲ့ သြဂုတ်လ ၈ ရက်နေ့မှာတော့ ၂ ရက်ကြာ ဆွေးနွေးခဲ့တာတွေကို ပြန်လည်သုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ်တွေကို ဆက်လက် ဆွေးနွေးကြမှာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese
ရှစ်လေးလုံးနှစ် ၃၀ ပြည့် နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ကျင်းပ ရှစ်လေးလုံးနှစ် ၃၀ ပြည့် နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ကျင်းပ Reviewed by THITHTOOLWIN on 19:42 Rating: 5
Powered by Blogger.