![]() |
နေပြည်တော် စတည်ချိန်က ဝန်ထမ်းတွေ၊ လုပ်ငန်းရှင်တွေ၊ ပြောင်းရွှေ့ခံရတဲ့ ကျေးရွာသူ ကျေးရွာသားတွေ အတွက် မြေကွက်တွေ ချပေးခဲ့ |
နိုင်ငံတော် အတွက် မှန်ကန်တဲ့အခွန်တွေ ရဖို့၊ မြေငှားခွန်တွေ ရဖို့နဲ့ မြေကွက် ပိုင်ဆိုင်သူတွေအတွက်လည်း ပိုင်ဆိုင်မှု တိတိကျကျ သတ်မှတ် ပြဌာန်းနိုင်ဖို့ အခုလို လုပ်တာလို့ နေပြည်တော် စည်ပင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဋ္ဌာနက ဘီဘီစီကို ပြောပါတယ်။
ကြေငြာချက်အရ ၂၀၁၉ ခုနှစ် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမယ်လို့ သိရပါတယ်။
နေပြည်တော် စတင် တည်ဆောက်တဲ့ အချိန်က သက်ဆိုင်ရာ အာဏာပိုင်တွေက နိုင်ငံ ဝန်ထမ်းတွေ၊ လုပ်ငန်းရှင်တွေ၊ ပုဂ္ဂလိကတွေ၊ ပြောင်းရွှေ့ခံရတဲ့ ကျေးရွာသူ ကျေးရွာသားတွေ အတွက် မြေကွက်တွေ ချပေးခဲ့ပါတယ်။
အဲဒီလို ချထားပေးတုန်းက ဒေသအခေါ် စလစ်လို့ခေါ်တဲ့ မြေပေးမိန့်တွေနဲ့ ချထားပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီတုန်းက ပေ ၄၀ ၊ ၆၀ တကွက်ကို ကျပ် ၅ သိန်း ၁၀ သိန်းစတဲ့ ဈေးနှုန်းတွေနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေက ချပေးခဲ့ပါတယ်။
ချထားပေးတဲ့ အချိန်က မြေကွက် အမျိုးအစားပေါ် မူတည်ပြီး ၂ နှစ်ကနေ ၃ နှစ်အတွင်း အဆောက်အဦ ဆောက်ဖို့ စည်းကမ်း သတ်မှတ်ခဲ့ပါတယ်။
ဒါပေမဲ့ အိမ်ဆောက်ဖို့ ချပေးထားတဲ့ မြေကွက်အများစုဟာ အခုချိန်ထိ အိမ်မဆောက်သေးတာ ရှိသလို လုပ်ငန်းရှင်တွေကို စီမံကိန်းတွေ အတွက် ချပေးထားတဲ့ မြေကွက်တွေမှာလည်း အခုချိန်ထိ စီမံကိန်း မစဘဲ ဝန်းခြံ ခတ်ထားတာတွေပဲ တွေ့နေရပါတယ်။
သမ္မတဟောင်းနဲ့ ဝန်ကြီးဟောင်းတွေ လုပ်ကိုင်နေတဲ့ သရက်ဇုန် မြေနေရာ ပြန်စစ်ဆေးမယ်
အဲဒီလို အမှန်တကယ် မဆောက်လုပ်ပဲ နေရာဦးထားတဲ့ သူတွေကြောင့် အမှန်တကယ် နေထိုင်ချင်သူတွေ အတွက် မြေဈေးတွေ ကြီးမြင့်နေတာ ဖြစ်တယ်လို့လည်း နေပြည်တော် အိမ်ခြံမြေ အကျိုးဆောင်တချို့က ပြောပါတယ်။
![]() |
နေပြည်တော် မြို့သစ်ကို ၂၀၀၅ ခုနှစ်မှာ စတင် တည်ဆောက်ခဲ့ |
တကယ်လို့ သတ်မှတ်ထားတဲ့ ကာလ အတွင်း မလုပ်ဆောင်ဘူး ဆိုရင် စည်ပင် သာယာရေး ဥပဒေနဲ့ အရေးယူ ဆောင်ရွက်နိုင်သလို မြေကွက် ချပေးစဉ်က သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း မလိုက်နာတဲ့ မြေကွက် တွေကို ဥပဒေအရ ပြန်သိမ်းလို့ ရတယ်လို့ နေပြည်တော် စည်ပင်သာယာရေး မြို့ပြ စီမံကိန်းနဲ့ မြေစီမံခန့်ခွဲမှု ဌာန ဌာနမှူးက ပြောပါတယ်။
BBC Burmese
https://www.bbc.com
နေပြည်တော်မှာ မြေငှား ဂရန်၊ စာချုပ်တွေ လုပ်ကြဖို့ စည်ပင် ကြေညာ
Reviewed by THITHTOOLWIN
on
10:38
Rating:
