အထည်ချုပ်စက်ရုံ အလုပ်သမား ၃ဝ အလုပ်ထုတ်ခံရသဖြင့် အလုပ်သမားများဆန္ဒပြ


ရန်ကုန် သြဂုတ် ၂၁

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ရှိ အထည်ချုပ်စက်ရုံတွင် အလုပ် သမား ၃ဝ အလုပ်ထုတ်ခံရသဖြင့် ယင်းစက်ရုံအလုပ်သမား ၂ဝဝ ခန့် က အဆိုပါအလုပ်ရုံရှေ့တွင် ယနေ့ နံနက်ပိုင်းမှစတင်ကာ ဆန္ဒထုတ် ဖော်လျက်ရှိသည်။

ယင်းအထည်ချုပ်စက်ရုံမှ အလုပ်ထုတ်သည့် အကြောင်းပြ ချက်တွင်ECစာချုပ်အတိုင်း
ကုန်ထုတ်လုပ်မှုကျဆင်းစေရန်ရည် ရွယ်၍ သွေးထိုးလှုံ့ဆော်သူများ ECစာချုပ်ပါသတ်မှတ်ချက်များကို ချိုးဖောက်သူများဟု ထည့်သွင်း ဖော်ပြခဲ့ကြောင်း၊ အလုပ်သမားများ အနေဖြင့်စည်းကမ်းချိုးဖောက်ခြင်း၊ EC စာချုပ်အတိုင်း အလုပ်မလုပ် ခြင်းများရှိပါက အလုပ်ရှင်အနေ ဖြင့် ပထမအကြိမ်နှုတ်ဖြင့် သတိ ပေးခြင်း၊ ဒုတိယအကြိမ် စာဖြင့် သတိပေးခြင်း၊ တတိယအကြိမ် ဝန်ခံကတိလက်မှတ်ရေးထိုးစေခြင်း စသည်တို့ပြုလုပ်ပြီးမှသာ အလုပ်မှ ရပ်စဲခြင်းပြုလုပ်ရမည်ဖြစ်ကြောင်း အလုပ်သမားများက ပြောသည်။

''ညီမတို့ မနေ့က ၂ဝ ရက် မှာ အကုန်လုံး အလုပ်ဆင်းပါ တယ်။အလုပ်ပြီးလို့ အိမ်ရောက်တဲ့ အချိန်မှ ဒီစက်ရုံမှာ လုပ်ငန်းပိုင်း ဆိုင်ရာတွေကို တာဝန်ယူတဲ့ခေါင်း ဆောင်တွေက အလုပ်သမားတွေ ကို အလုပ်ထုတ်တယ်ဆိုပြီးတော့ စာတွေကို အိမ်ကိုလိုက်ပေးပါ တယ်။ ညီမတို့က ပုံမှန်အတိုင်းပဲ ဒီနေ့မှာ အလုပ်လာဆင်းတယ်။ ဘာကြောင့် အလုပ်ထုတ်တာလဲ။ ဒီမှာ စာတွေကပ်ထားတယ်။ စာ ကပ်ထားတယ် ဆိုတာကလည်း အလုပ်သမားတွေ အိမ်ပြန်ပြီးမှကပ် တာ။ လူလျှော့တယ်။ အလုပ်ထုတ် တယ်ဆိုလို့ရှိရင်ဘာကြောင့်အလုပ် ထုတ်တာလဲ။ ညှိနှိုင်းမယ်။ ဘာ အပြစ်ကြောင့် အလုပ်ထုတ်တာ လဲ။ အဲ့ဒါကို ညှိနှိုင်းဖို့ကို စက်ရုံ ထဲဝင်ခွင့်တောင်းပါတယ်။ ဒါပေမဲ့ ဝင်ခွင့်မပေးဘူး။ ဝင်ခွင့်မပေးတဲ့ နောက်ဆုံးမှာ အလုပ်သမားတွေက ဒီလိုဆန္ဒပြသပိတ်စခန်းဖြစ်သွား တာပါ''ဟု အဆိုပါအထည်ချုပ် အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌဖြစ်သူ ဒေါ်သက်ထားဆွေက ပြောကြား သည်။

အလုပ်သမားများအနေဖြင့် ခွင့်မဲ့ပျက်ကွက် များပြားသူများမရှိ ကြောင်း၊ ၄င်းတို့ ရသင့်ရထိုက် သည့် ခွင့်ရက်များကိုသာ ရယူပြီး အကြောင်းကြောင်းကြောင့် လစာ မဲ့ခွင့်ရက်ယူရမည်ဆိုပါကလည်း ခွင့်တိုင်ကြားခြင်းရှိကြောင်း ၄င်း က ဆက်လက်ပြောသည်။

လက်ရှိတွင် ထိုအထည်ချုပ် စက်ရုံတွင် ဖြစ်ပေါ်နေသည့်အခြေ အနေများကို ဖြေရှင်းပေးရန် အလုပ်သမားများက အချက်ကိုး ချက်အား အလုပ်ရှင်ဘက်သို့ တောင်းဆိုထားကြောင်းသိရသည်။
အဆိုပါ တောင်းဆိုချက်တွင် အလုပ်ရပ်စဲသည့် ကြေညာစာအား ပြန်လည်ရုပ်သိမ်းရန်၊ အလုပ် သမားများအား OT ကြေးမပေး ဘဲ အချိန်ပိုခိုင်းစေခြင်း မပြုရန်၊ Grade B မှ Aအထိ ကျွမ်းကျင် ကြေးများကိုတိုးမြှင့်ပေးရန်၊ ယခင် ပေးမြဲဖြစ်သည့် ကျွမ်းကျင်ကြေး အား (ကုန်ထုတ်ကျွမ်းကျင်ကြေး) ဟုပြောင်းလဲခြင်းမပြုရန်၊All Super ၊ Super ၊ Leader များက လုပ် အားညှစ်ထုတ်ခိုင်းစေခြင်း၊ ရိုင်း စိုင်းစွာပြောဆိုခိုင်းစေခြင်းများ မပြု လုပ်ရန်၊လုံခြုံရေးဝန်ထမ်းများအား မိမိနှင့်သက်ဆိုင်သည့် အလုပ်များ တွင်သာ တာဝန်ထမ်းဆောင်ရန်၊ နိုင်ငံခြားသားများက အလုပ်သမား များအား အလုပ်တိုက်ရိုက်ခိုင်းစေ ခြင်းမပြုရန်၊ အလုပ်သမားလိုအပ် နေသောဌာနများတွင်အလုပ်သမား အသစ်များထပ်မံ ခန့်ထားပေးရန် နှင့်Iron ဌာနတွင်ပန်ကာတပ်ဆင် ပေးပြီး Cutting ဌာနတွင်မျက်နှာ ကြက်တပ်ဆင်ပေးရန် စသည့် အချက်များကို တောင်းဆိုထား သည်။

ထက်မြက်အောင်
The Union Daily
https://www.facebook.com/uniondaily.net/
အထည်ချုပ်စက်ရုံ အလုပ်သမား ၃ဝ အလုပ်ထုတ်ခံရသဖြင့် အလုပ်သမားများဆန္ဒပြ အထည်ချုပ်စက်ရုံ အလုပ်သမား ၃ဝ အလုပ်ထုတ်ခံရသဖြင့် အလုပ်သမားများဆန္ဒပြ Reviewed by THITHTOOLWIN on 21:10 Rating: 5
Powered by Blogger.