ကျောက်တံခါးမြို့နယ်သို့ မိုးကုတ်မှ တောက်တဲ့လာရောက် ဝယ်ယူသူ ၂ ဦးကို လူ ၄ ဦးမှ လုယက်မှု ဖြစ်ပွား


ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်သို့ မိုးကုတ်မှ တောက်တဲ့လာရောက်ဝယ်ယူသူ ၂ ဦးကို လူ ၄ ဦးမှ သြဂုတ် (၁၆)ရက် ညနေ(၄း၀၀)နာရီအချိန်ခန့်က လုယက်ခဲ့ရာ လုယက်သူ (၄)ဦးအနက်မှ (၃)ဦးကို ဖမ်းဆီးရမိထားပြီး (၁)ဦးလွတ်မြောက်နေကြောင်း တောကျွဲအင်းနယ်မြေ ရဲစခန်းမှ သိရှိရသည်။

သြဂုတ်(၁၆) ရက် ညနေ(၄း၀၀)နာရီခန့်က မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့မှ ညီအစ်ကိုတော်စပ်သူ ၂ ဦးကို ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၀၅/၁) အနီး ဆိုင်တစ်ဆိုင်တွင် တောက်တဲ့ပြမည်ဆိုကာ လူ ၄ ဦးက လုယက်ခဲ့ခြင်းဖြစ်ပြီး (၃)ဦးကို ဖမ်းဆီးရမိထားပြီး (၁)ဦး လွတ်မြောက် နေပြီး ဖမ်းဆီးရမိထားသူ ၃ ဦးအားစစ်ဆေးနေကြောင်း သိရသည်။

"မိုးကုတ်ကနေ ညီကိုနှစ်ယောက်က တောက်တဲ့ရမယ်ဆိုလို့လာဝယ်တာ အမြန်လမ်း ၁၀၅ မိုင်နားက ဆိုင်တစ် ဆိုင်မှာတွေ့ပြီးတော့ ပစ္စည်းပြမယ်ဆိုပြီး ငွေထုပ်ပါတဲ့သူကိုခေါ်သွားတယ်။ တစ်ဖာလုံခန့်အရောက်မှာဆိုင်ကယ် ရပ်ပြီးတော့ ပိုက်ဆံကိုလုတယ်။ ပြန်ခုခံတော့ အသင့်စောင့်နေတဲ့ သုံးယောက်က ဝိုင်းဝန်းထိုးကြိတ်ကြတယ်ပြီး တော့ ငွေထုပ်နဲ့အတူ ၄ ယောက်လုံးထွက်ပြေးသွားတဲ့အချိန် လုခံရတဲ့သူက ရဲကိုဖုန်းဆက်ပြီး အကြာင်းကြား တာပါ။" ဟု ကြာအင်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မြင့်က ပြောသည်။

မိုးကုတ်မြို့တွင်နေထိုင်သည့် အောင်ကျော်နှင့် ညီအကိုတော်စပ်သူတို့ (၂)ဦးသည် တောက်တဲ့ဝယ်ယူရန် ကျပ် သိန်း(၅၀)နှင့် အမြန်လမ်းမကြီးဘေးရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် လာရောက်စောင့်ဆိုင်းစဉ် အာပြဲ(ခ) ရန်အောင်မင်းမှ တောက်တဲ့ပြမည်ဟုဆိုကာ အောင်ကျော်အားဆိုင်ကယ်ဖြင့် ခေါ်သွားပြီး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၀၅/၁)အနီးလမ်းကြားတွင် ငွေအားလုယူစဉ်အောင်ကျော်မှ ပြန်လည်ခုခံခဲ့သည့်အတွက် အသင့်ဆောင့်ဆိုင်းနေသူ ၃ ဦးမှ ဝိုင်းဝန်းထိုးကြိတ်ပြီးလုယူခဲ့ကြောင်း သိရသည်။

အဆိုပါလုယက်မှုကြောင့် အောင်ကျော်တွင် ဒဏ်ရာများရရှိကာ အောင်မြင်မြို့တိုက်နယ်ဆေးရုံးသို့ ပို့ဆောင် ဆေးကုသလျက်ရှိပြီး လုယက်သူများအား နယ်မြေခံ ရဲစခန်းမှ တပ်ဖွဲဝင်များနှင့် အမြန်လမ်းရဲတပ်ဖွဲဝင်များ ပူပေါင်း ဖမ်းဆီးမှုကြောင့် ၃ ဦးကိုဖမ်းဆီးရမိခဲ့ပြီး အာပြဲ(ခ)ရန်အောင်မင်းမှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အုပ်စုဖွဲ့လုယက်သူများအား တောကျွဲအင်းနယ်မြေ ရဲစခန်းတွင် လုယက်မှု၊ နာကျင်စေမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၉၄/၃၂၃ ဖြင့် အမှုဖွင့်လှစ်ထားပြီး ထွက်ပြေးလွတ်မြောက်နေသူအား ဖမ်းဆီးရမိရေး လုပ်ဆောင်နေကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ကျောက်တံခါးမြို့နယ်သို့ မိုးကုတ်မှ တောက်တဲ့လာရောက် ဝယ်ယူသူ ၂ ဦးကို လူ ၄ ဦးမှ လုယက်မှု ဖြစ်ပွား ကျောက်တံခါးမြို့နယ်သို့ မိုးကုတ်မှ တောက်တဲ့လာရောက် ဝယ်ယူသူ ၂ ဦးကို လူ ၄ ဦးမှ လုယက်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 20:01 Rating: 5
Powered by Blogger.