![]() |
စံမောင်သန်း၊ စစ်တွေ |
ရခိုင်ပြည်နယ် ကျောက်တောမြို့နယ် နဂရာအုပ်စု မြင်းကြပ်ကျေးရွာတွင် စပါးတောင်းဖြင့် အငှားပြ နေသည့် ဆရာမတစ်ဦးသည် သြဂုတ်လ ၄ ရက်နေ့ ည ၉ နာရီခန့်က အဆိုပါ မြင်းကြပ် ကျေးရွာ အနီး ပီချောင်းမြစ်ထဲတွင် စက်လှေချင်းတိုက်မိပြီး ရေနစ်သေဆုံးသွားသည်ဟု သတင်းရရှိသည်။
ရေနစ်သေဆုံးသူမှာ ကျောက်တော်မြို့နယ် နဂရာအုပ်စု မြင်းကြပ်ကျေးရွာနေ မသန်းသန်းစိုး (၂၅) နှစ် (ဘ) ဦးကျော်သန်းဖြစ်ကြောင်း သိရသည်။
“သူတို့က စက်လှေနဲ့ လာတဲ့အချိန်မှာ နောက်က စက်လှေတစ်စီးက လာပြီးကြိတ်သွားပြီးတော့ အဲ့ဒီဆရာမ လေးက ရေထဲကျသွားတာပေါ့။ သူ့ယောက်ကျားက ရေကူးတတ်တော့ ကမ်းပေါ် ရောက်သွား တာပေါ့။ သူမရဲ့ အလောင်းကို ဒီနေ့မှာ ပြန်တွေ့ပါတယ်”ဟု ကျောက်တော်မြို့မ စခန်းမှူးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
သေဆုံးသွားသူ ဆရာမနှင့် သူမယောက်ကျားတို့ စီးနှင်းလာသော စက်လှေကို အုံးပတိ ဘဂါင်္လီ ရွာမှ အန်ဖော်ရီယာ ဆော်ဒိန် အသက် ၃၀ ၊ (ဘ) ဦးမူဟော်ရော်ဘင်၏ စက်လှေက တိုက်မိခြင်း ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ ပြစ်မှုကျူးလွန်သူ စက်လှေ ပိုင်ရှင် အန်ဖော်ရီယာ ဆော်ဒိန်ကို မော်တော် မဆင်မခြင် မောင်းနှင်မှု၊ လူသေမှု၊ မော်တော်ပျက်စီးမှု စသည့် ရာဇသတ်ကြီး ဥဒေပုဒ်မ ၂၈၀၊ ၃၀၄ -က/ ၄၂၇ တို့ဖြင့် အမှုဖွင့် အရေးယူထားသည်ဟု သိရှိရသည်။
စံမောင်သန်း၊ စစ်တွေ
Narinjara
https://www.facebook.com/Narinjara
ကျောက်တော်မြို့နယ်တွင် စက်လှေချင်းတိုက်မိရာမှ ကျေးလက်ဆရာမတစ်ဦး ရေနစ်သေဆုံး
Reviewed by THITHTOOLWIN
on
19:46
Rating:
