![]() |
အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ နဲ့ ထိုင်းအလုပ်သမားဝန်ကြီးဌာနအလုပ်သမားဝန်ကြီး Mr.Adul Sangsinkgkeo တို့ နေပြည်တော်မှာတွေ့ဆုံ |
ထိုင်းနိုင်ငံအတွင်းက ငါးဖမ်းသဘောင်္ာတွေမှာ အလုပ်လုပ်ကိုင်မဲ့ ရေလုပ်သားတွေ လိုအပ်ချက်တွေရှိနေတဲ့ မြန်မာနိုင်ငံကိုအလည်ရောက်ရှိနေတဲ့ ထိုင်းအလုပ်သမားဝန်ကြီးဌာန အလုပ်သမား-၀န်ကြီး Mr.Adul Sangsinkgkeo ဟာမြန်မာ အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ နဲ့တွေဆုံဆွေးနွေးချိန်မှာ အလုပ်သမားလိုအပ်ချက်တွေကိုပြောဆိုသွားခဲ့တာပါ။
"လွန်ခဲ့တဲ့နိုင်ငံသားစီစစ်တဲ့လုပ်ငန်းစဉ်မှာ တော် တော်များများအောင်မြင်မှုရရှိခဲ့ပါတယ်။ လူအင်အားတွေလည်း လုံလောက်စွာပို့ပြီးတော့ဆောင်ရွက်ခဲ့တဲ့အ တွက်ကျေးဇူးတင်ပါတယ်။ ဒုတိယခေါင်းစဉ်အနေနဲ့ကတော့ ကျွန်တော်တို့အစိုးရအနေနဲ့ ရေလုပ်ငန်းမှာ အလုပ်သမားလိုအပ်မှုရှိနေပါ တယ်။ ရေလုပ်သားလူဦးရေ ၆ သောင်းလိုအပ်မှုရှိနေပါတယ်။ ပြီးတော့ ဒီကိစ္စကိုလည်း လာရောက်အကူအညီ တောင်းတာလည်းဖြစ်ပါတယ်။ ဒီအလုပ်သမားတွေကို ကျွန်တော်တို့ MoU စနစ်နဲ့ ခေါ်ယူနိုင်အောင်စီစဉ်လျက်ရှိ ပါတယ်။ ပြီးတော့ တရားဥပဒေအတိုင်းသတ်မှတ်ထားတဲ့လုပ်အားခနဲ့ ဥပဒေကနေပြီးကာကွယ်စောင့်ရှောက်တဲ့ အခွင့်အရေးတွေကိုလည်း ရရှိနိုင်ဖို့အတွက် ဆောင်ရွက်နေပါတယ်။ဆိုပြီးပြောသွားတာပါ"
မြန်မာအလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေက တော့ထိုင်းအလုပ်သမားဝန်ကြီးနဲ့တွေဆုံစဉ်မှာ အခုလို ပြေားသွားပါတယ်
"ကျွန်တော်တို့လည်းဘဲ ဒီရေလုပ်သားတွေကို တရားဝင်ရေလုပ်သားတွေအဖြစ် လက်ခံနိုင်အောင်ထိုင်း ဥပဒေနဲ့အညီ အကျိုးခံစားခွင့်ရှိတဲ့လုပ်သားတွေအဖြစ် ခိုင်မာတဲ့လုပ်သားတွေဖြစ်ဖို့ ကျွန်တော်တို့ကလည်း လိုလားပါတယ်။ အဲ့ဒီအတွက်လည်း ထိုင်းနိုင်ငံနဲ့ ပူးပေါင်းပြီးတော့မှ အမြန်ဆုံးဆောင် ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်ကလည်းပဲ ရနောင်မှာအလုပ်သမားပို့ဆောင်ရေး စင်တာတစ်ခုဖွင့် လှစ်ပြီးတော့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုရင် လုပ်သားတွေလည်းအကျိုးရှိမယ့် လုပ်ငန်းတွေ စင်တာတစ်ခုဖွင့် လှစ်ပြီးတော့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုရင် လုပ်သားတွေလည်းအကျိုးရှိမယ့် လုပ်ငန်းတွေ ကိုဖော်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်"
မကြာသေးခင်ကပဲနိုင်ငံသားစီစစ်ခြင်းလုပ်ငန်းတွေကို နှစ်နိုင်ငံအတူတကွပူးပေါင်းဆောင်ရွက်နိုင်မို့ မြန်မာအလုပ်သမား ၁ဒသမ ၂သန်းဟာတရားဝင်အလုပ်တွေဖြစ်နေပြိဖြစ်ကြောင်း တရားမ၀င် အလုပ်သမားတွေပိုဆောင်သူတွေကိုလည်းထိရောက်စွာအေ၇းယူနိုင်ဖို့ နှစ်နိုင်ငံပူးပေါင်းမူတွေလုပ်သွားမဲ့အကြောင်းလည်း ၀န်ကြိးဦးသိန်းဆွေကပြောသွားပါတယ်
" ၁ ဒသမ ၂ သန်းကျော်ဟာ ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်သမားတွေဖြစ်ပါပြီ။ ထိုင်းနိုင်ငံရဲ့ အလုပ်သမားဥပဒေနဲ့အညီအကျိုးခံစားခွင့်တွေလည်းရရှိခဲ့ပါတယ်။ နောင်မှာလည်းဘဲ ဒီလို MoU စနစ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ တရားမ၀င်ပို့တဲ့လူတွေကိုလည်း ထိရောက်စွာအ ရေးယူနိုင်ဖို့၊ ကိစ္စကြီးငယ်ရှိရင်လည်း ထိုင်းနိုင် မြန်မာနိုင်ငံကြားချစ်ကြည်ရင်းနှီးမှုကိုအခြေခံပြီးတော့မှ ဆောင် ရွက်သွားဖို့ဆွေးနွေးနိုင်ခဲ့ပါတယ်"
ထိုင်းနိုင်ငံတွင်းမှာရေလုပ်သားတွေဟာ ကျွန်တွေသဖွယ်ခိုင်းစေခံရတာရောင်းစားခံရတာ အလုပ်သမာအခွင့်ေ၇းချိုးဖောက်မူတွေရှိတယ်ဆိုပြီးနိုင်ငံတကာက ဝေဖန်မူတွေ လုပ်ပြီး ပိတ်ဆိုမူတွေလုပ်ဖို့အထိ စဉ်းစားလာခဲ့ကြတာပါ ဒီအတွက်ထိုင်းအစိုးရက ငါးလုပ်ငန်းလုပ်ငန်းခွင့်အခြေအနေဆိုင်ရာ သဘောတူးချက် အပိုဒ် (စီ ၁၈၈)ကို အကောင်အထည်ဖော်ဖို့အတွက် အတည်ပြုဖို့ ဆုံးဖြတ်ကြပါတယ် ဒီဆုံးဖြတ်ချက်အတွင်းလိုက်နာရမဲ့ စည်းမျဉ်းစည်းကမ်းတွေ ဟာ အလုပ်ရှင်တွေအဖို့ လိုက်လုပ်ဖို့ခက်ခဲတယ်ဆိုပြီး သြဂုတ်လဆန်းပိုင်းကစပြီး ငါးလုပ်ငန်းရှင်တွေက ကန့်ကွက်စာတွေတင်ခဲ့ပါတယ် ထိုင်းအစိုးရအနေနဲ့ ဒီစည်းမျဉ်းစည်းကမ်းတွေအတိုင်း အတည်ပြုမယ်ဆိုရင်တော့ ခရိုင် ၂၂ခုက ငါးဖမ်းလှေလုပ်ငန်းရှင်တွေက လှေတွေမထွက်ပဲဆနထုတ်ဖော်သွားမယ်လိုလည်း ပြောဆိုထားပါတယ် ဒီလိုအခြေအနေကြုံရမယ်ဆိုရင်တော့ ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားတင်ပို့နေတဲ့ရေထွက်ပစည်တွေလည်းအခက်ကြုံရမှာဖြစ်သလို့ ရေလုပ်ငန်းရှင်တွေရဲစီးပွားရေးထိခိုက်မူတွေ ရေလုပ်သားတွေအလုပ်လုပ်မဲ့ဖြစ်မဲ့အခြေအနေတွေကိုလည်းရင်ဆိုင်ရဖွယ်ရှိပါတယ် လတ်တလောမှာတော့ရေလုပ်သားတသောင်းကျော်ကို အထောက်အထားလက်မှတ်တွေသက်တမ်းပြန်တိုးပေးရမှာဖြစ်ပြိးနောက်ထပ်အလုပ်သမားလိုအပ်ချက်တွေကိုတော့ မြန်မာနိုင်ငံကို လာရောက်စဉ်မှာ အခုလို အကူညီတောင်းခဲ့တာဖြစ်ပါတယ်။
မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ထိုင်းနိုင်ငံတွင်း ရေလုပ်သား ၆ သောင်းကျော် လိုအပ်နေ
Reviewed by THITHTOOLWIN
on
21:12
Rating:
