![]() |
တနင်္သာရီမြို့နယ်မှာ ရေထပ်ကြီးလာတဲ့အတွက် အဆောက်အဦများ ရေနစ်မြုပ်နေတာကို တွေ့ရစဉ်/ Photo: RFA |
ဆိပ်ကမ်းမြို့တွေအတွက် အခက်အခဲအနည်းငယ်ရှိနိုင်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်း က ပြောပါတယ်။
“ရက်တော့အတိအကျ မပြောနိုင်ဘူး။ သို့ပေမယ့် ခန္တီးမှာ ရေက ကျသွားပြီလို့ သိရပါတယ်။ ကျနော်တို့ဆီကို နောက်ထပ် ၄ ရက်လောက်ဆိုရင် ခန္တီးက ရေကရောက်ပါတယ်။ ၄ ရက်လောက်အတွင်း ကျမယ်လို့ ထင်ပါတယ်။ အဲလိုဆိုရင် ဒီ ၄ ရက်လောက်ပြီးရင် ပြန်ပြီးတော့ စက်လှေတွေကို ပြန်ဆွဲနိုင်မှာပါ။ ဆိပ်ကမ်းမြို့တွေ အကုန်လုံးတော့ နည်းနည်းတော့ ကသီမှာပေါ့ဗျာ။ သို့ပေမယ့် မြို့တိုင်းမြို့တိုင်းမှာ ကားလိုင်းတွေရှိပါတယ်။ အများကြီးတော့ အခက်အခဲမရှိပါဘူး။”
အလားတူ တနင်္သာရီမြစ်ရေဟာ အန္တရာယ်ရေမှတ်ကို ရောက်နေတဲ့အတွက် တနင်္သာရီမြို့မှာ ဒုတိယအကြိမ် ရေထပ်ကြီးနေပါတယ်။ လူဦးရေ ၉ထောင်ကျော်အတွက် စားနပ်ရိက္ခာ လိုအပ်နေတယ်လို့ တနင်္သာရီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ က ပြောပါတယ်။
"ရေကတော့ အန္တရာယ်ရေအမှတ်နားကို နီးသွားပြီ၊ ထောက်ပံ့ရေးပစ္စည်းတွေအနေနဲ့ ရေဘေးသင့်လူတွေထဲက ၉ထောင်ကျော်ဆီကို လာမယ့် ၉ရက်နေ့အထိ ဖြန့်ဝေပြီးသားဖြစ်ပါတယ်၊ အဲနောက်ပိုင်းလိုအပ်နေပါတယ်၊ လောလောဆယ်မရှိပါဘူး၊ လက်ကျန်နည်းနည်းဘဲရှိပါတယ်၊ ဆန်အိပ်တချို့တဝက်နဲ့ ငါးသေတ္တာတချို့ရယ် ပိုက်ဆံတချို့တဝက်ရယ် ဒါပဲရှိတယ်"
တနင်္သာရီမြစ်ရေဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့ကတည်းက စတင်တက်ခဲ့တာဖြစ်ပြီး အခုချိန်မှာ အန္တရာယ်ရေမှတ်နားကို ရောက်ရှိနေတာဖြစ်ပါတယ်။ ဇူလိုင်လ ၁၈ရက်နေ့ကတည်းက မြင့်တက်ခဲ့တဲ့မြစ်ရေကြောင့် တနင်္သာရီမြို့မှာ ရေဘေးသင့်သူ နှစ်သောင်းလေးထောင်ကျော်ရှိပြီး ရေဘေးကယ်ဆယ်ရေးစခန်း ၇ ခုမှာ ဒုက္ခသည် ၆ထောင်ကျော် ရှိနေပါတယ်။
မုံရွာမြို့မှာဆိုရင် စိုးရိမ်ရေမှတ် ၁၀၀၀ စင်တီမီတာ သတ်မှတ်ထားပြီး လက်ရှိမှာ ချင်းတွင်းမြစ်ရေဟာ ၉၈၀ စင်တီမီတာကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
မုံရွာကနေ ခန္တီးမြို့အထိ ပြေးဆွဲနေတဲ့ရေယာဉ်တွေကို ရပ်နားထားလိုက်တဲ့အတွက် မုံရွာ-ခန္တီးအပြင်၊ မုံရွာ-ကလေး၊ မုံရွာ-ကလေးဝ၊ မုံရွာ-မင်းကင်းနဲ့ မုံရွာ-ဟုမ္မလင်းမြို့တွေကို လက်ရှိမှာ ရေကြောင်းလမ်းနဲ့ သွားလာ နိုင်မှာ မဟုတ်ပါဘူး။ ချင်းတွင်းမြစ်ကြောင်းတလျှောက်မှာ ပြေးဆွဲနေတဲ့ ခရီးသည်တင်နဲ့ ကုန်တင်ရေယာဉ် ၅၇၀ ကျော်ရှိပါတယ်။
RFA Burmese
https://www.rfa.org/burmese
ချင်းတွင်းမြစ်ရေနဲ့ တနင်္သာရီမြစ်ရေတက်
Reviewed by THITHTOOLWIN
on
18:47
Rating:
