ဆော်ဒီတွင် အကြောင်းအမျိုးမျိုးကြောင့် ပါကစ္စတန် ဟာ့ဂ်ျဘုရားဖူး ၄၂ဦးထက်မနည်းသေဆုံး

ဆော်ဒီနိုင်ငံ မက္ကာမြို့ရှိ ဂရင်းဗလီသို့ လာရောက်ဝတ်ပြုကြသည့် ဟာ့ဂ်ျဘုရားဖူးများအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
 အစ္စလာမ်မာဘတ်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

    ဆော်ဒီအာရေဗျနိုင်ငံ ရှိ နေရာဒေသအများအပြား၌ ဟာ့ဂ်ျဘုရားဖူးကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့သည့် ပါကစ္စတန်နိုင်ငံသား အနည်းဆုံး ၄၂ဦး ရှိကြောင်း ပါကစ္စတန်နိုင်ငံ ဘာသာရေးဝန်ကြီးဌာန မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

သေဆုံးသူ ၄၂ဦး တွင် အမျိုးသား အယောက် ၃၀ နှင့် အမျိုးသမီး ၁၂ဦး ပါဝင်ပြီး ၎င်းတို့သည် ပါကစ္စတန်နိုင်ငံ ရှိ နေရာဒေသအသီးသီးမှဖြစ်ကြကြောင်း သိရသည်။ ၎င်းတို့အနက် အများစုသည် အသက်ရှူကြပ်ခြင်း (သို့) ယာဉ်မတော်တဆမှုများကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက သြဂုတ် ၂၄ရက်တွင် ပြောကြားခဲ့သည်။

သေဆုံးခဲ့သည့် ဟာ့ဂ်ျဘုရားဖူးများသည်အသက် ၄၀နှစ်ကျော်ကျော်ပိုင်းမှ အသက် ၈၀နှစ်ကျော်အထိ ဖြစ်ကြကြောင်း သိရသည်။

ဝန်ကြီးဌာန၏ပြောကြားချက်အရ  ၂၀၁၈ခုနှစ်တွင် ဟာ့ဂ်ျဘုရားဖူးရန်အတွက် အစိုးရ နှင့် ပုဂ္ဂလိက အစီအစဉ်များဖြင့် ဆော်ဒီအာရေဗျသို့ သွားရောက်ခဲ့သည့် ပါကစ္စတန်ဘုရားဖူး ၁၈၄,၂၁၀ဦး ရှိကြောင်း သိရသည်။

(Xinhua)
http://xinhuamyanmar.com
ဆော်ဒီတွင် အကြောင်းအမျိုးမျိုးကြောင့် ပါကစ္စတန် ဟာ့ဂ်ျဘုရားဖူး ၄၂ဦးထက်မနည်းသေဆုံး ဆော်ဒီတွင် အကြောင်းအမျိုးမျိုးကြောင့် ပါကစ္စတန် ဟာ့ဂ်ျဘုရားဖူး ၄၂ဦးထက်မနည်းသေဆုံး Reviewed by THITHTOOLWIN on 21:20 Rating: 5
Powered by Blogger.