အီရန်နိုင်ငံ အနောက်ပိုင်းတွင် ပြင်းအား ၅.၉ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် လူ ၁ ဦး သေဆုံး၊ ၅၈ ဦး ဒဏ်ရာရ
![]() |
ငလျင်လှုပ်ခတ်ရာနေရာအား မြေပုံ၌တွေ့ရစဉ်(ဓါတ်ပုံ-အင်တာနက်) |
အီရန်နိုင်ငံ အနောက်ပိုင်း Kermanshahပြည်နယ်တွင် သြဂုတ် ၂၆ ရက် နံနက်ပိုင်းက ပြင်းအား ၅.၉ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူ ၁ ဦး သေဆုံးပြီး ၅၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာများ၏ သတင်းဖော်ပြချက်များအရ သိရသည်။
အဆိုပါငလျင်မှာ မြောက်လတ္တီကျု ၃၄.၆၃၁ ဒီဂရီ၊ အရှေ့လောင်ဂျီကျု ၄၆.၂၂၀ဒီဂရီ၊ အနက် ၈ ကီလိုမီတာအား ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အီရန် ငလျင်တိုင်းတာရေးစင်တာက ပြောကြားခဲ့ သည်။ ငလျင်လှုပ်ခတ်ပြီးနောက် အသက် ၇၀ အရွယ် အဘွားအိုတစ်ဦးက နှလုံးရောဂါကြောင့် ရုတ်တရက် သေဆုံးခဲ့ရကြောင်း၊ ထိုအပြင် လူ ၅၈ ဦး ဒဏ်ရာရခဲ့ကြောင်း Tasnimသတင်းအေဂျင်စီ၏သတင်းများ အရ သိရသည်။လက်ရှိတွင် ငလျင်ဘေးသင့်ရာနေရာ၌ ရေ၊မီးနှင့်ဆက်သွယ်ရေးများ ပြတ်တောက်နေကြောင်း၊ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များကို ငလျင်ဘေးသင့်ရာနေရာသို့ စေလွှတ်ထားကြောင်းသိရသည်။
(Xinhua)
http://www.xinhuamyanmar.com
အီရန်နိုင်ငံ အနောက်ပိုင်းတွင် ပြင်းအား ၅.၉ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် လူ ၁ ဦး သေဆုံး၊ ၅၈ ဦး ဒဏ်ရာရ
Reviewed by THITHTOOLWIN
on
14:09
Rating:
