ရေတာရှည် သြဂုတ် ၁၆
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ရေနီမြို့တောင်ဘက်အထွက် ရန်ကုန်-မန္တလေးကားလမ်းတွင် သြဂုတ် ၁၆ ရက် နံနက် ၁ နာရီခွဲ အချိန်ခန့်က ဆိုင်ကယ်စီးနင်းလာစဉ် ရှေ့မှသွားနေသည့် ယာဉ်၏ နောက်ပိုင်းအား အရှိန်လွန်ဝင်ရောက်တိုက်မိခဲ့ပြီး ဆိုင်ကယ်စီးနင်း သူနေရာတွင်သေဆုံးသွားခဲ့ ကြောင်းသိရသည်။
ရေနီမြို့တောင်ဘက်အထွက် ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင် ၂၁၄/၃ နှင့် ၄ အကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ရေနီနယ်မြေရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ် လင်းလင်းအောင် နှင့် အဖွဲ့မှသွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်-မန္တလေးကားလမ်းအတိုင်း တောင်မှမြောက်သို့ သန်းဇော်ဦး(၅၁)နှစ်၊ ကွက်သစ်ရပ်ကွက်၊ မကွေးမြို့နေသူမောင်းနှင်လာသော နံပါတ်မပါ ဒါယန်း(၁၁ဝ) ဆိုင်ကယ်သည် အခင်းဖြစ်နေရာအရောက် ရှေ့မှသွားနေသော (ယာဉ်အမျိုးအစား)မသိ ၁၂ ဘီးကုန်တင် ယာဉ်၏ နောက်ပိုင်းအား အရှိန်လွန်ဝင်ရောက်တိုက်မိခဲ့ပြီး ဆိုင်ကယ်တိမ်းမှောက်ကာ နေရာ၌ ရရှိသည့် ဒဏ်ရာများဖြင့်သေဆုံးသွားခဲ့၍ ဆိုင်ကယ်မောင်းနှင်သူ သန်းဇော်ဦး အား ရေနီမြို့မရဲစခန်းမှ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဆိုင်ကယ်စီးနင်းလာသူ အရှိန်လွန်ကာ ရှေ့မှသွားနေသည့် ကုန်တင်ယာဉ်ကို ဝင်တိုက်မိပြီးသေဆုံး
Reviewed by THITHTOOLWIN
on
21:24
Rating:
