![]() |
ယီမင်ကျောင်းကား အား လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ နှင့် ဒဏ်ရာရရှိသူ ကလေးငယ်များအားတွေ့ရစဉ် (ဆင်ဟွာ) |
ယီမင်နိုင်ငံ မြောက်ပိုင်း ဆားဒါပြည်နယ်တွင် မကြာသေးမီက ကျောင်းကားတစ်စီးအား လေကြောင်းမှ တိုက်ခိုက်မှုပြုလုပ်ခဲ့၍ သေဆုံးသွားသူ ၅၁ဦးအနက် အယောက် ၄၀မှာ ကလေးငယ်များဖြစ်ကြောင်း နိုင်ငံတကာကြက်ခြေနီအဖွဲ့ (ICRC) က သြဂုတ် ၁၄ ရက်တွင်ပြောကြားခဲ့သည်။
ယီမင်နိုင်ငံ ရှိ ICRC ၏ ကိုယ်စားလှယ်အဖွဲ့ အကြီးအကဲ Johannes Bruwer က လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူ ၇၉ဦး အနက် ၅၆ဦးမှာလည်း ကလေးငယ်များဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။
![]() |
ယီမင်ကျောင်းကား အား လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ နှင့် ဒဏ်ရာရရှိသူ ကလေးငယ်များအားတွေ့ရစဉ် (ဆင်ဟွာ) |
![]() |
ယီမင်ကျောင်းကား အား လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ နှင့် ဒဏ်ရာရရှိသူ ကလေးငယ်များအားတွေ့ရစဉ် (ဆင်ဟွာ) |
သြဂုတ် ၉ ရက်တွင် အီရန်မိတ်ဖက် ဟူသီသူပုန်များ ၏ အဓိက ခြေကုပ်စခန်းဖြစ်သည့် ဆားဒါပြည်နယ် ရှိ Dhahyan ဈေးရှိ ကျောင်းကားတစ်စီးကို လေကြောင်းတိုက်ခိုက်မှု ၂ခုပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟူသီသူပုန်များက ယင်းတိုက်ခိုက်မှုအတွက် ဆော်ဒီဦးဆောင်သော ညွှန့်ပေါင်းတပ်ဖွဲ့အား ပြစ်တင်ဝေဖန်ထားပြီး ၎င်းကိစ္စရပ်ကြောင့် ယီမင်နိုင်ငံတစ်ဝန်း မကျေနပ်ဒေါသဖြစ်မှုများဖြစ်ပေါ်စေခဲ့ကာ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများကလည်း ပြစ်တင်ရှုတ်ချခဲ့ကြောင်း သိရသည်။
(Xinhua)
http://www.xinhuamyanmar.com
ယီမင်ကျောင်းကား အား လေကြောင်းမှ တိုက်ခိုက်ခဲ့၍ ကလေးငယ် ၄၀ဦးအပါအဝင် အခြားလူအများအပြားသေဆုံး
Reviewed by THITHTOOLWIN
on
18:24
Rating:
