အလုံမြို့နယ် အမှတ်(၁)အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဝန်းအတွင်း ယာဉ်တိုက်မှုဖြစ် ၊ နေရာတွင်သေဆုံး


အလုံ သြဂုတ် ၂၂

သြဂုတ် ၂၂ ရက်၊ မွန်းလွဲ ၂နာရီ မိနစ် ၂ဝ ချိန်ခန့်က အလုံမြို့နယ်၊ သစ်တောရပ်ကွက်၊ အလုံအပြည်ပြည်ဆိုင်ရာအမှတ်(၁)ဆိပ်ကမ်းဝန်း အတွင်း ယာဉ်မောင်း ရွှေထူး၊ ၂၅ နှစ်၊ အခန်း(၁)၊ တိုက်(၄)၊ ဖဆပလဝင်း၊ မြဝတီရိပ်သာ၊ ဖဆပလရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်နေသူ မောင်းနှင့်သည့် KALMAR-RS01 အနီရောင်ယာဉ်သည် ဦးသိန်းလွင် (မြန်မာစီးပွားရေးကော်မရှင် အေးဂျင့်)၊ အသက် (၄၈)နှစ်၊ အမှတ် ၂၃၄၊ အောင်ဇေယျလမ်း၊ ၁၂ ရပ်ကွက်၊ ရန်ကင်း မြို့နယ်နေသူအား ကားနောက်ဆုတ်ရာမှ ဘီးဖြင့်ကြိတ်မိရာ၊ နေရာတွင်သေဆုံးခဲ့သည်။

 သေဆုံးသူအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ရာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ PR ဝ၇၃ ဖြင့် လက်ခံထားရှိပြီး ယာဉ်မောင်းရွှေထူးအား အလုံမြို့မရဲစခန်းက ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်း သိရသည်။

ကိုတင်မောင်ဦး (အလုံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အလုံမြို့နယ် အမှတ်(၁)အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဝန်းအတွင်း ယာဉ်တိုက်မှုဖြစ် ၊ နေရာတွင်သေဆုံး အလုံမြို့နယ် အမှတ်(၁)အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဝန်းအတွင်း ယာဉ်တိုက်မှုဖြစ် ၊ နေရာတွင်သေဆုံး Reviewed by THITHTOOLWIN on 21:03 Rating: 5
Powered by Blogger.