![]() |
သံသယ တရားခံ ၂ ဦးထဲက တဦး ကို ရုံးထုတ်လာစဉ် |
အသက် ၂၉ နှစ်အရွယ် ဗီယက်နမ်အမျိုးသမီး နဲ့ အသက် ၂၅ နှစ်အရွယ် အင်ဒိုနီးရှား အမျိုးသမီးတို့ (၂)ဦး ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက မလေးရှားကွာလာလမ်ပူ လေဆိပ်မှာ ကင်ဂျုံနမ် ရဲ့ မျက်နှာကို VX လို့ခေါ်တဲ့ အာရုံကြော ထိခိုက်စေတဲ့ အဆိပ်ပြင်း ဓာတုဒြပ်ပေါင်း သုတ်လိမ်းထားတဲ့ မျက်နှာသုတ်ပုဝါနဲ့ အုပ်ခဲ့တာ ဖြစ်တယ် ဆိုပြီးတော့ စွပ်စွဲထားတာပါ။
အမျိုးသမီး ၂ ဦးလုံးကတော့ ဒီစွဲချက်အပေါ် ငြင်းဆိုပြီး သူတို့ဟာ နောက်ပြောင်ကျီစယ်တဲ့ တီဗွီအစီအစဉ် တခုအတွက် ပါဝင် သရုပ်ဆောင်ရတယ်လို့ပဲ ထင်ခဲ့တာကြောင့် လုပ်ရတာပါလို့ ပြောပါတယ်။
တရားသူကြီးကတော့ လုံခြုံရေးကင်မရာက ရိုက်ကူးထားတဲ့ ပုံရိပ်တွေအရ ဒီအမျိုးသမီး ၂ ဦးလုံးဟာ ကင်ဂျုံနမ်ကို ရည်ရွယ်ချက်ရှိရှိ သတ်ဖို့ ကြံစည်ခဲ့တာကို တွေ့ခဲ့ရတာကြောင့် ခုလို အမိန့်ချရတာလို့ ပြောပါတယ်။
အမျိုးသမီး ၂ ဦးလုံးဟာ ဒီလူသတ်မှုမှာ ပြစ်မှုထင်ရှားရင်တော့ သေဒဏ်ကျခံရဖွယ် ရှိပါတယ်။
![]() |
မစ္စတာ ကင်ဟာ မြောက်ကိုရီးယားခေါင်းဆောင်နေရာကို ဆက်ခံဖို့ ဦးစားပေး ဖြစ်ခဲ့ဖူး |
BBC Burmese
https://www.bbc.com/burmese
ကင်ဂျုံနမ်အသတ်ခံရမှုမှာ သံသယတရားခံ ၂ ဦးကို စစ်ဆေးဖို့ တရားရုံး အမိန့်ချ
Reviewed by THITHTOOLWIN
on
20:15
Rating:
