ဒေါ်လာ ဝယ်ဈေး ၁၅၀၀ အောက် ပြန်ရောက်


ဗဟိုဘဏ်ဟာ ရည်ညွှန်း ဒေါ်လာငွေလဲနှုန်း ဘောင်ထဲကနေ ရောင်းဝယ်မှု လုပ်ရမယ် ဆိုတဲ့ ညွှန်ကြားချက် ပယ်ဖျက်ပြီးနောက် လေလံဈေးကနေ တဆင့် သြဂုတ်လ ၁၅ ရက်နေ့က တစ်ဒေါ်လာ ၁၄၇၅ ကျပ်နှုန်းနဲ့ ဒေါ်လာ ၁ ဒသမ ၆၅ သန်း၊ သြဂုတ်လ ၁၆ ရက်နေ့က တစ်ဒေါ်လာ ၁၄၉၈ ကျပ်နှုန်းနဲ့ ဒေါ်လာ ၄ သန်း ရောင်းချပေးခဲ့ပါတယ်။ ပြင်ပ ဒေါ်လာဈေးဟာ အဲဒီ နှုန်းအောက် ရောက်သွားရင် ဗဟိုဘဏ်က ဒေါ်လာ ၀ယ်ပြီး ပြန်မရောင်းတဲ့ ပုဂ္ဂလိက ဘဏ်တွေနဲ့ ငွေလဲကောင်တာတွေ အရှုံးပေါ်နိုင်ပြီး ဒီထက် ကျဆင်းသွားရင် အထိနာနိုင်ပါတယ်။

ဝယ်ဈေး - တစ်ဒေါ်လာ - ၁၄၉၀ ကျပ်
ရောင်းဈေး - တစ်ဒေါ်လာ - ၁၅၁၅ ကျပ်
ဗဟိုဘဏ် သတ်မှတ်ချက် - ၁၄၉၈ ကျပ်

ဒေါ်လာဈေး မတည်ငြိမ်မှုကြောင့် ငွေလဲကောင်တာများ တစ်ခုနဲ့တစ်ခု ၀ယ်ဈေး၊ ရောင်းဈေး မတူညီ။ မိနစ်ပိုင်း အတွင်း ဈေးနှုန်း ပြောင်းလဲနေကြ။ သေချာ စုံစမ်းပြီးမှသာ ရောင်းဝယ်သင့်။ ဈေးနှုန်း တည်ငြိမ်မှု မရှိလို့ ၀ယ်ဈေး၊ ရောင်းဈေး အလွန်ခွာထားကြဆဲ။

One News Myanmar
https://www.facebook.com/onenewsmyan
ဒေါ်လာ ဝယ်ဈေး ၁၅၀၀ အောက် ပြန်ရောက် ဒေါ်လာ ဝယ်ဈေး ၁၅၀၀ အောက် ပြန်ရောက် Reviewed by THITHTOOLWIN on 13:11 Rating: 5
Powered by Blogger.