ငွေ"၆၀၀၀"ကျပ် ပျောက်​လို့ သားသမီးကို သေ​အောင်​ရိုက်​တဲ့ ဖခင်

ဓါတ်ပုံ - သာခိုင်(မုနိမြီ)
နေပြည်တော်၊ ဩဂုတ် ၃၁

၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့ နံနက် ၇ နာရီအချိန်က မကွေးတိုင်းဒေသကြီး၊ နတ်မောက် မြို့နယ်၊ မဲဇလီကျေးရွာမှာ ငွေ "၆၀၀၀" ကျပ် ပျောက်​လို့ သားနှင့်သမီးကို ကြိုးတုပ်ရိုက်နှက်ရာမှ သမီးဖြစ်သူ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

ဖြစ်စဉ်မှာ မဲဇလီကျေးရွာနေ မလှဝင်းကြည်(၄၂)နှစ်သည် နေအိမ်၌ ခင်ပွန်းဖြစ်သူ ခင်နိုင်(၅၁)နှစ် နှင့်အတူ ရှိနေစဉ် ၎င်းထံမှ ငွေကျပ်(၆၀၀၀)ပျောက်ဆုံးနေပြီး သားဖြစ်သူ နန်းထက်အောင် (၈)နှစ်တွင် ငွေကျပ်(၁၀၀၀)တွေ့ကြောင်း ပြောဆိုကာ မလှဝင်းကြည် သည် ရွာအနောက်ဘက်ရှိ မချို၏ ယာခင်းတဲသို့ မြေပဲနုတ်ရန်ထွက်သွားခဲ့ကြောင်းသိရသည်။


 နေအိမ်သို့ပြန်ရောက်စဉ် သမီးဖြစ်သူ အမွှာမောင်နှမ မနန်းထက်ဝေ(၈)နှစ်မှာ ဒဏ်ရာများရရှိသေဆုံးနေပြီး သားဖြစ်သူ နန်းထက်အောင် တွင် ဒဏ်ရာများ ရရှိထားသည်ကို တွေ့ရှိရ၍ မေးမြန်းရာ ခင်နိုင်မှ ၎င်းတို့(၂)ဦးသည် ကျောင်းမှပြန်လာစဉ် ပိုက်ဆံခိုးယူသဖြင့် မြေစိုက်နေအိမ် အနောက်ခန်းတွင် လက်နှစ်ဖက်အား ကြိုးတုပ်ချည်နှောင်၍ ဝါးခြမ်းပြားဖြင့် ရိုက်နှက်ခဲ့ရာမှ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ လူသေဆုံးမှုအား အရေးယူပေးရန် တိုင်တန်းချက်အရ ခင်နိုင် အား နတ်မောက်မြို့မရဲစခန်း (ပ)၁၀၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၂၅ ဖြင့် အမှုဖွင့်အရေး ယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
ငွေ"၆၀၀၀"ကျပ် ပျောက်​လို့ သားသမီးကို သေ​အောင်​ရိုက်​တဲ့ ဖခင် ငွေ"၆၀၀၀"ကျပ် ပျောက်​လို့ သားသမီးကို သေ​အောင်​ရိုက်​တဲ့ ဖခင် Reviewed by THITHTOOLWIN on 21:44 Rating: 5
Powered by Blogger.