![]() |
TNLA၊ AA နဲ့ MNDAA တို့ ပါဝင်တဲ့ တိုင်းရင်းသား အဖွဲ့ ၇ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေး ညှိနှိုင်းမှု ကော်မတီ FPNCC ရဲ့ မစ္စတာ ဆွန်ကော်ရှန်းနဲ့ ပြီးခဲ့တဲ့ မေလက ဆွေးနွေးပွဲ
|
တရုတ်နိုင်ငံရဲ့ အာရှရေးရာ အထူးသံတမန် ဆွန်ကော်ရှန်းရဲ့ ကြားဝင် စေ့စပ်ပေးမှုနဲ့ အခုလို တွေ့ဆုံဖို့ စီစဉ်ထားပေမယ့် သြဂုတ်လ ၈ ရက်နေ့မှာ ဒီတွေ့ဆုံပွဲကို ကော်မရှင်ဘက်က ရွှေ့ဆိုင်းကြောင်း အဲဒီ အထူးသံတမန်ကတဆင့် အကြောင်းကြားလာတယ်လို့ TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်က ဘီဘီစီကို ပြောပါတယ်။
![]() |
ကော်မရှင်ဘက်က ရွှေ့ဆိုင်းကြောင်း တရုတ်နိုင်ငံရဲ့ အာရှရေးရာ အထူးသံတမန် ဆွန်ကော်ရှန်း ကတဆင့် အကြောင်းကြားလာတယ်လို့ TNLA ပြော |
ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့က ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့တို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ တွေ့ဆုံ ဆွေးနွေးမှု အဆင်မပြေ ဖြစ်ခဲ့တာဟာ အခုလို ဖျက်သိမ်းရတဲ့ အကြောင်းရင်းတခု ဖြစ်နိုင်ပြီး ကော်မရှင်ဘက်က အဆင်သင့် မဖြစ်သေးဘူးလို့ ယူဆရကြောင်း သူက ဆက်ပြောပါတယ်။
၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ် အစည်းအဝေးကျင်းပနေတဲ့ ကာလဖြစ်တဲ့ ဇူလိုင်လ ၁၁ ရက်နေ့က TNLA အဖွဲ့ရဲ့ စစ်သမီး ဆေးမှူး ၆ ဦး သတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ လတ်တလော ဆက်ဆံရေး တင်းမာနေတာလည်း ဖြစ်ပါတယ်။
အခုလို တရားဝင် ဆွေးနွေးမှု ဖြစ်မလာဘူး ဆိုရင် နှစ်ဖက် ပဋိပက္ခတွေ ပိုပြီး တင်းမာလာနိုင်တယ်လို့လည်း ဗိုလ်မှူးချုပ် တာဘုန်းကျော်က သုံးသပ်ထားပါတယ်။
TNLA၊ AA နဲ့ MNDAA တို့ဟာ ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ဦးဆောင်တဲ့ ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ KIA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နဲ့ အမျိုးသား ဒီမိုကရက်တစ် မိုင်းလားအဖွဲ့ NDAA တို့ ပါဝင်တဲ့ အဖွဲ့ ၇ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေး ညှိနှိုင်းမှု ကော်မတီ FPNCC အဖွဲ့ဝင်တွေလည်း ဖြစ်ပါတယ်။
BBC Burmese
https://www.bbc.com
ငြိမ်းချမ်းရေး ကော်မရှင်နဲ့ တိုင်းရင်းသားသုံးဖွဲ့ ဆွေးနွေးပွဲ ရွှေ့ဆိုင်း
Reviewed by THITHTOOLWIN
on
07:42
Rating:
