တောင်ကြီးမြို့ တပ်မိသားစု ၄ လောင်းပြိုင်လူသတ်မှု ဖြစ်ပွား


သြဂုတ်လ ၂၀ ရက် ရက်နေ့ ည ၈ နာရီဝန်းကျင်၌ တောင်ကြီးမြို့ တွင် တပ်မတော်မိသားစု အသိုင်းအဝိုင်း မှ ၄ လောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါ အသတ်ခံရသူ များ၏ နီးစပ်ရာ အသိုင်းအဝိုင်း လူမှုကွန်ယက် စာမျက်နှာများမှ တစ်ဆင့် သိရသည်။

သေဆုံးသူများထဲတွင် အသက် ၅ နှစ် အရွယ် ကလေးငယ် တစ်ဦး၊ အသက် ၄၀ ၀န်းကျင်ကလေး၏မိခင်နှင့် ရပခ စစ်တိုင်းရုံးလက်အောက်ခံ တပ်မတော်သား ၂ ဦး စုစုပေါင်းသေဆုံးသူ (၄) ဦး ဖြစ်ကြောင်း စစ်တပ် နှင့်နီးစပ်သူများထံမှ သိရသည် ။

“လူသတ်မှုက တောင်ကြီးမြို့၊ ရွှေဘုန်းပွင့် ဘုရားအတက်လမ်း ဆေးတက္ကသိုလ်လမ်းကြားမှာ ဖြစ်တယ် လို့ လဲကြားတယ် ၊ စစ်တပ်လိုင်းခန်းမှာဖြစ်တယ်လို့လဲ ကြားတယ် ကျမတို့မြို့လဲ ဒီသတင်းကို အရမ်းစိတ်ဝင်စား နေကြတယ်” – ဟု တောင်ကြီးမြို့ ဒေသခံ နန်းဖွေးကပြောသည် ။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ သျှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများကတစ်စုံတစ်ရာ အတည်ပြု ဖြေကြားခဲ့ခြင်း မရှိသေးပေ ။

တပ်မတော် မိသားစု ၄ ဦးသေဆုံးမှုနှင့် ပတ်သက်၍ တောင်ကြီးမြို့ ဆလအ ဆောက်လုပ်ရေးအဂျင်္င်နီယာ တပ်မှ ဒု အရာခံဗိုလ်တဦး၊ တပ်ကြီးတဦး၊ ကလေးမိခင်တဦးနှင့် ကလေးငယ်တဦး တို့ အသက်ခံလိုက်ရ ကြောင်း Eleven သတင်းဌာန ကလည်း သတင်းထုတ်ပြန်ထားသည်။

သျှမ်းသံတော်ဆင့်၊ ယိင်းတိုင်း
http://burmese.shannews.org
တောင်ကြီးမြို့ တပ်မိသားစု ၄ လောင်းပြိုင်လူသတ်မှု ဖြစ်ပွား တောင်ကြီးမြို့ တပ်မိသားစု ၄ လောင်းပြိုင်လူသတ်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 22:32 Rating: 5
Powered by Blogger.