လမ်းဘေးတွင် ဆိုင်ကယ်ရပ်ပြီး ဖုန်းပြောနေသူနှစ်ဦး ကားတိုက်ခံရပြီးသေဆုံး


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ဆိပ်ဖူးနီလေး ကျေးရွာ အနီးမှာ သြဂုတ်(၇)ရက် ည(၉)နာရီက လမ်းဘေးမှာဆိုင်ကယ် ရပ်ပြီး ဖုန်းပြောနေသူ နှစ်ဦးကို ယာဉ်တစ်စီးက ၀င်ရောက်တိုက်မိခဲ့တာ ကြောင့် နှစ်ဦးစလုံးသေဆုံးခဲ့တယ်လို့ ကျောင်းကုန်းမြို့မရဲစခန်းက သိရပါတယ်။

ဆိပ်ဖူး-နီယိုဒယားတက်ကျေးရွာချင်းဆက် ကွန်ကရစ် လမ်းပေါ်မှာ သြဂုတ်(၇)ရက် ညပိုင်းက ယိုဒယားတက်ကျေးရွာဘက်ကို မောင်းနှင်လာတဲ့ မော်တော်ယာဉ်တစ်စီးဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ဆိုင်ကယ်ရပ်ပြီး ဖုန်းပြောနေတဲ့ လူငယ်နှစ်ဦးကို ဝင်ရောက် တိုက်မိခဲ့ပါတယ်။ အဲဒီတိုက်မိတဲ့ အရှိန်ကြောင့် လမ်းဘေးမြောင်း အတွင်းကို ဆိုင်ကယ်၊ လူ၊ ကားတို့ထိုးကျခဲ့ပြီး လူငယ်နှစ်ဦးမှာ အခင်းဖြစ်နေရာမှာတင်သေဆုံးခဲ့ပါတယ်။


 အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျောင်းကုန်းမြို့မရဲစခန်းက ယာဉ်မဆင်မခြင် မောင်းနှင့်တဲ့ယာဉ်မောင်း ကို ယာဉ်(ပ) ၄၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က နဲ့ အမှုဖွင့် အရေးယူထားတယ်လို့သိရပါတယ်။

သတင်း/ဓာတ်ပုံ - ဝင်းကြိုင်(ကျောင်းကုန်း)
One News Myanmar
https://www.facebook.com/onenewsmyan

လမ်းဘေးတွင် ဆိုင်ကယ်ရပ်ပြီး ဖုန်းပြောနေသူနှစ်ဦး ကားတိုက်ခံရပြီးသေဆုံး လမ်းဘေးတွင် ဆိုင်ကယ်ရပ်ပြီး ဖုန်းပြောနေသူနှစ်ဦး ကားတိုက်ခံရပြီးသေဆုံး Reviewed by THITHTOOLWIN on 14:59 Rating: 5
Powered by Blogger.