ဗီယက်နမ် အစိုးရက နာမည်ကျော် အစိုးရအတိုက်အခံ လှုပ်ရှားသူတစ်ဦးကို နိုင်ငံတော်အလံ ဖျက်ဆီးမှုနဲ့ ကြာသပတေးနေ့က နေအိမ်အကျယ်ချုပ်ချလိုက်ပြီး ပြည်ပထွက်ခွာခွင့် ပိတ်ပင်လိုက်ပါတယ်။ အဲဒီ Huynh Thuc Vy ဟွေးတုတ်ဗီ ဆိုတဲ့ အသက် ၃၂ နှစ်ရှိ လူ့အခွင့်ရေးလှုပ်ရှားသူ အမျိုးသမီးက အနီရောင် နိုင်ငံတော်အလံဟာ ကွန်မြူနစ်ပါတီရဲ့ အာဏာရှင်စနစ်ကို ဖေါ်ပြနေပြီး ဒီမိုကရေစီကို ဆန့်ကျင်နေတယ်ဆိုကာ ဆေးအဖြူတွေနဲ့ သုတ်လိမ်းခဲ့တဲ့အတွက် အခုလို အရေးယူခံရတာပါ။ သူ့အမှုကို စစ်ဆေးနေစဉ်ကာလအတွင်း လာမယ့် အောက်တိုဘာလကုန်အထိ ပြည်ပထွက်ခွင့်ပိတ်လိုက်တယ်လို့ သက်ဆိုင်ရာက ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဗီယက်နမ်နိုင်ငံမှာ လူနည်းစုတိုင်းရင်းသားတွေအပေါ် အရေးယူအပြစ်ပေးမှုအပါအဝင် လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို ရေးသားတင်ပြခဲ့တဲ့အတွက် ၂ဝ၁၂ ခုနှစ်က Hellman/ Hammet ဟဲလ်မန် ဟင်းမက် လူ့အခွင့်အရေးဆု ရဖူးသူပါ။
RFA Burmese
https://www.facebook.com/rfaburmese/
ဗီယက်နမ် အတိုက်အခံ နေအိမ် အကျယ်ချုပ်ကျ
Reviewed by THITHTOOLWIN
on
09:35
Rating:
