သတင်းမှားဖြန့်ချိမှု ဥပဒေကို ပြင်ဆင်ဖို့ မလေးရှားလွှတ်တော် ဆုံးဖြတ်


မလေးရှားလွှတ်တော်က အရင် အစိုးရလက်ထက်မှာ ပြဌာန်းခဲ့တဲ့ သတင်းမှားဖြန့်ချိသူတွေကို ထောင်ဒဏ် ၆ နှစ်အထိ ချမှတ်နိုင်တဲ့ ဥပဒေကို ပြန်လည်ပြင်ဆင်ဖို့ မနေ့က မဲခွဲဆုံးဖြတ်လိုက်ပါတယ်။

အဲဒီ ဥပဒေဟာ ဝန်ကြီးချုပ်ဟောင်း Najib Razak နာဂျစ် ရာဇတ် က သူ့ရဲ့ ကမ္ဘာကျော်ခြစားမှုအပေါ် အဲဒီအချိန်က ဝေဖန်သူတွေကို နုတ်ပိတ်ဖို့ ကြိုးစားတဲ့အနေနဲ့ ပြီးခဲ့တဲ့ ဧပြီလမှာ တက်သုတ်ရိုက်ပြဌာန်းခဲ့တဲ့ ဥပဒေဖြစ်တယ်လို့ ဆန့်ကျင်သူတွေက ပြောခဲ့ပါတယ်။ လက်ရှိ ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်ဟာ အဲဒီ အချိန်က အတိုက်အခံ ခေါင်းဆောင်ဖြစ်ပြီး သူ့ကို ဒီ ဥပဒေနဲ့ အရေးယူဖို့ စုံစမ်းစစ်ဆေးခဲ့ဖူးပါတယ်။

ထောင်ဒဏ်အပြင် ဒဏ်ငွေအဖြစ် ကန် ဒေါ်လာ တသိန်းနှစ်သောင်းနဲ့ ညီမျှတဲ့ မလေးရှား ရင်းဂစ် ၅ သိန်းအထိ ချမှတ်နိုင်တဲ့ ဒီ ဥပဒေကို မေလ ရွေးကောက်ပွဲအနိုင်ရပါတီအမတ်တွေက အခု ပြင်ဆင်ဖို့ တခဲနက် မဲပေးလိုက်ပါပြီ။ ဒီ ဥပဒေဟာ ပြင်းထန်လွန်းပြီး လူ့အခွင့်အရေးနဲ့ လွတ်လပ်စွာ ဆန္ဒသဘောထား ထုတ်ဖေါ်ခွင့်တွေကို ဖိနှိပ်ရာကျတယ်လို့ သူတို့က ပြောပါတယ်။

RFA Burmese
https://www.facebook.com/pg/rfaburmese
သတင်းမှားဖြန့်ချိမှု ဥပဒေကို ပြင်ဆင်ဖို့ မလေးရှားလွှတ်တော် ဆုံးဖြတ် သတင်းမှားဖြန့်ချိမှု ဥပဒေကို ပြင်ဆင်ဖို့ မလေးရှားလွှတ်တော် ဆုံးဖြတ် Reviewed by THITHTOOLWIN on 11:24 Rating: 5
Powered by Blogger.