ပြည်-ရွှေတောင်ကားလမ်းတွင် စက်ဘီးစီးနင်းသူကိုရှောင်တိမ်းရာမှ ယာဉ်လေးစီးဆင့်ကဲတိုက်မိ


ရွှေတောင် သြဂုတ် ၆

ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ် ပြည်-ရန်ကုန်ကားလမ်း မိုင်တိုင် ၁၇၄/၁ နှင့် ၂ အကြား တွင် သြဂုတ် ၅ ရက် မွန်းလွဲ ၁ နာရီ ၅၅ မိနစ်အချိန်ခန့်က စက်ဘီးစီးနင်းလာသော မိန်းကလေးကို ရှောင်တိမ်း ရာမှ ယာဉ်လေးစီးဆင့်ကဲတိုက်မိခဲ့ပြီး အရှိန်လွန်တိုက်မိသည့် (၆)ဘီးယာဉ်မှာ စားသောက်ဆိုင် အတွင်းသို့ဝင်ရောက်သွား ခဲ့ကြောင်း သိရသည်။

 သတင်းအရ ရွှေတောင်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်-ပြည် ကားလမ်းအတိုင်း မင်းမင်း(အသက်၊ နေရပ်စုံစမ်းဆဲ)မောင်းနှင်လာသော MDY 6C/----- နံပါတ်အနီရောင်(၆)ဘီးယာဉ်သည် အခင်းဖြစ်ပွားသည့် နွားမယံကျေးရွာ အုပ်စု၊ လေးကျွန်းဆီမီးကျေးရွာအနီးတွင် စက်ဘီးစီးနင်းလာသော မသန္တာဝေ၊ ပုတ်တန်းကျေးရွာ၊ ရွှေတောင်မြို့ နေသူအားတိုက်မိ ခဲ့ပြီးနောက် ရှေ့မျက်နှာချင်းဆိုင်ဘက်မှ ဦးသီဟ၊ ပြည်မြို့ နေသူမောင်းနှင်လာသော4H---- PICIUP ယာဉ်အားတိုက်မိခဲ့ပြီး နောက် ရှေ့မှသွားနေသည့် ဟီးနိုး(၁ဝ)ဘီးကုန်တင်ယာဉ်၏ ယာဘက်ခြမ်း နှင့် 6N-----ERTIGA အိမ်စီးယာဉ်တို့ကို ဆက်လက် တိုက်မိခဲ့ပြီးနောက် ကားလမ်းနံဘေးရှိ သဒ္ဒါရိပ်စားသောက်ဆိုင် အတွင်းဝင်ရောက်သွားခဲ့ခြင်းဖြစ်သည်။

 ယာဉ်တိုက်ဖြစ်ပွားပြီးပြီးခြင်း ယာဉ် မောင်း မင်းမင်း ဆိုသူမှာအခင်းဖြစ်နေရာမှ ထွက်ပြေးတိမ်း ရှောင်သွားခဲ့ကြောင်းသိရှိရပြီး စက်ဘီးစီး နင်းလာသော အမျိုးသမီးငယ်၌(စိုးရိမ်ရ)ဒါဏ်ရာများရရှိခဲ့၍ မဆင်မခြင်ယာဉ်အား မောင်းနှင်သူ မင်းမင်း (ထွက်ပြေးတိမ်းရှောင်)နေသူအား ရွှေတောင်မြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

ကိုလွင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ပြည်-ရွှေတောင်ကားလမ်းတွင် စက်ဘီးစီးနင်းသူကိုရှောင်တိမ်းရာမှ ယာဉ်လေးစီးဆင့်ကဲတိုက်မိ ပြည်-ရွှေတောင်ကားလမ်းတွင် စက်ဘီးစီးနင်းသူကိုရှောင်တိမ်းရာမှ ယာဉ်လေးစီးဆင့်ကဲတိုက်မိ Reviewed by THITHTOOLWIN on 20:26 Rating: 5
Powered by Blogger.