ထိုင်ဝမ်နိုင်ငံသားတွေ အလုပ်လုပ်ခွင့် ပါမစ်မလိုဘဲ တရုတ်နိုင်ငံမှာ အလုပ်လုပ်နိုင်ပြီ

ထိုင်ဝမ်အနီး တောင်တရုတ်ပင်လယ်ပြင်ထဲရှိ တရုတ်လေယာဉ်တင်သင်္ဘောပေါ်မှာ တိုက်လေယာဉ်တွေ လေ့ကျင့်နေစဉ်။ Photo: AFP
တရုတ်နိုင်ငံမှာ လာအလုပ်လုပ်မဲ့ ထိုင်ဝမ်နိုင်ငံသားတွေ အလုပ်လုပ်ခွင့်ပါမစ် မလိုဘဲ လာရောက်နိုင်တယ်လို့ တရုတ်အာဏာပိုင်တွေက ကြေညာလိုက်ပါတယ်။ ဒါဟာ ထိုင်ဝမ်နိုင်ငံက ကျွမ်းကျင်လုပ်သားတွေကို ဆွယ်လိုက်တာ ဖြစ်တယ်လို့ AP သတင်းတရပ်မှာ ဖော်ပြထားပါတယ်။
ဒီဆောင်ရွက်ချက်ဟာ ထိုင်ဝမ်နိုင်ငံသားတွေ တရုတ်ပြည်မကြီးထဲမှာ ကျောင်းတက်ခွင့်၊ စီးပွားရေးလုပ်ငန်း လုပ်ခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့်တွေမှာ တန်းတူ အခွင့်အရေးပေးဖို့ ဆောင်ရွက်နေတာကို ပြသတာဖြစ်တယ်လို့ တရုတ်နိုင်ငံ ထိုင်ဝမ်အရေးရုံးက ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

အလားတူ အဆင့်မြင့် နည်းပညာအစွမ်းအစရှိသူ ထိုင်ဝမ်နိုင်ငံသား လူငယ်တွေအတွက် ရှန်ဟိုင်းလို ဘေဂျင်းလို မြို့ကြီးတွေမှာ အလုပ်လုပ်ဖို့ ဦးစားပေးပြီး ကန့်သတ်ချက်တွေကို လျှော့ချလိုက်တာ ဖြစ်ပါတယ်။

အခုလို တရုတ်အနေနဲ့ ထိုင်ဝမ်နိုင်ငံသားတွေအတွက် ဆောင်ရွက်ပေးနေတဲ့ တချိန်မှာ ထိုင်ဝမ်ရေလက်ကြား တလျှောက်မှာ တရုတ်စစ်လေယာဉ်တွေနဲ့ ကင်းလှည့်နေသလို စစ်ရေးလေ့ကျင့်မှုတွေလည်း မကြာခဏ ပြုလုပ်နေပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ထိုင်ဝမ်နိုင်ငံသားတွေ အလုပ်လုပ်ခွင့် ပါမစ်မလိုဘဲ တရုတ်နိုင်ငံမှာ အလုပ်လုပ်နိုင်ပြီ ထိုင်ဝမ်နိုင်ငံသားတွေ အလုပ်လုပ်ခွင့် ပါမစ်မလိုဘဲ တရုတ်နိုင်ငံမှာ အလုပ်လုပ်နိုင်ပြီ Reviewed by THITHTOOLWIN on 21:09 Rating: 5
Powered by Blogger.