![]() |
ရာထူး ခန့်အပ် ခဲ့သူကို ပြန်လည် ဝေဖန် လိုက်တဲ့ အမေရိကန် တရားသူကြီးချုပ် |
ဒါက တရားသူကြီးချုပ် ဂျက်ဖ် ဆက်ရှင် ဟာ သမ္မတလောင်း ရွေးချယ်ပွဲ မှာတုန်း က သူ့ကို ထောက်ခံသူ တစ်ယောက် ဖြစ်ခဲ့ပြီး ယုံကြည် ထိုက်သူ တစ်ယောက် ဖြစ်တာကြောင့် တရားသူကြီး ချုပ် အဖြစ် ခန့် အပ် ခဲ့တာလို့ သမ္မတ ထရမ့် က ပြောဆို ခဲ့ပြီး နောက်မှာ တရားသူကြီး ချုပ် က တုန့်ပြန် လိုက်တာ ဖြစ်ပါတယ်။
အစောပိုင်းမှာ တုန်း က ရုရှား အရေး စုံစမ်း စစ်ဆေးမှုမှာ မပါဝင်ဘူး ဆိုတာ ကို ဂျက်ဖ် ဆက်ရှင် အနေနဲ့ ကြို ပြောခဲ့ သင့်တယ်လို့ မစ္စတာ ထရမ့် က ဆိုပါတယ်။
အရမ်း ကို စိတ်မကောင်း ဖြစ်ရတာ က ဂျက်ဖ် ဆက်ရှင် ဟာ သူ့ ကိုယ်သူ ကယ်တင် လိုက်တာပါ။ ဒါကို သူမလုပ်သင့်ပါဘူး ဒါမှမဟုတ် ကို ကျနော့် ကို ပြောဆို သင့်ပါတယ်လို့ ဒေါ်နယ် ထရမ့် က ပြောခဲ့ပါတယ်။
![]() |
သမ္မတလောင်း ရွေးပွဲမှာ ထရမ့် ကို ထောက်ခံပေးခဲ့သူလည်း ဖြစ် |
အမေရိကန် ရွေးကောက်ပွဲ အတွင်း ရုရှား က နှောက်ယှက်မှုတွေ လုပ်ခဲ့ သလား ဆိုတဲ့ စစ်ဆေးမှု တွေကိုလည်း မစ္စတာ ဆက်ရှင် ပါဝင် ခဲ့ခြင်း မရှိဘဲ လက်ထောက် တရားသူကြီး ချုပ် ရော့ဒ် ရိုစန်စတိန်း ကို ဦးဆောင် စေခဲ့တာ ဖြစ်ပါတယ်။ ဒီအပေါ်မှာ တရားရေး ဌာန ကို မစ္စတာ ဆက်ရှင်က ထိန်းချုပ် နိုင်ခြင်း မရှိဘူး ဆိုပြီးတော့ မစ္စတာ ထရမ့် က ဝေဖန် ပြစ်တင် မှုတွေ လုပ် ခဲ့ပါတယ်။
BBC Burmese
https://www.bbc.com
တရားသူကြီးချုပ်ကို တိုက်ခိုက် လိုက်ပြန်တဲ့ ထရမ့်
Reviewed by THITHTOOLWIN
on
09:33
Rating:
