အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နဲ့ မြန်မာနယ်စပ်နားမှာ ၂၁၇ ကီလိုဂရမ်ရှိတဲ့ရွှေချောင်းတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဒီလ ၁ ရက်နေ့က သိမ်းဆည်းမိပြီး ရွှေချောင်းတွေခိုးသွင်းလာတဲ့ မြန်မာနိုင်ငံသား ၅ ယောက်ကိုလည်း ဖမ်းဆီးလိုက်တယ်လို့ ရဲတပ်ဖွဲ့က မနေ့က ပြောကြားပါတယ်။
Champai ခရိုင်မှာရှိတဲ့ Vaphai ရွာမှာ အဲဒီမြန်မာငါးယောက်ကို ဖမ်းမိတာဖြစ်ပြီး ခိုးသွင်းလာတဲ့ ရွှေချောင်းတွေတန်ဖိုးဟာ အိန္ဒိယရူပီး ငွေ ၉၂၇ သိန်းရှိတယ်လို့လည်း ပြောပါတယ်။
သိမ်းဆည်းရမိတဲ့ရွှေချောင်းတွေရော ဖမ်းဆီးမိတဲ့လူတွေကိုပါ အကောက်ခွန်ဆိုင်ရာ ထောက်လှမ်းရေးညွှန်ကြားမှုဦးစီးဌာနကို လွှဲအပ်လိုက်တယ်လို့ ဆိုပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
ရူပီး ၉၂၇ သိန်းတန်ဖိုးရှိ ရွှေချောင်းတွေ နယ်စပ်မှာ ဖမ်းဆီးရရှိ
Reviewed by THITHTOOLWIN
on
09:38
Rating:
