ကျောက်တံခါး ဩဂုတ် ၇
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဇရပ်ခင်ကျေးရွာအုပ်စု၊ နံဇလေးကျေးရွာတွင် ဩဂုတ် ၅ ရက်နေ့ နံနက်(၆)နာရီခွဲအချိန်ခန့်က လူသတ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ လူသတ်မှုဖြစ်ပွားကြောင်း သတင်းရ ကျောက်တံခါးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်မင်း ဦးစီးအဖွဲ့ နှင့် ပဲနွယ်ကုန်းနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် အောင်ဆန်းထူး ဦးစီးအဖွဲ့တို့ပူးပေါင်း၍ အခင်းဖြစ်သည့်ကျေးရွာကိုသွားရောက်စစ်ဆေး ခဲ့ရာ ၎င်းကျေးရွာနေ ဝိုင်းချစ်(ခ)ရှိန်နေမင်းထက်(၂၀)နှစ် သည် ခြံချင်းကပ်လျက်ရှိ ဦးမောင်မောင်ဌေး ၏ နေအိမ်ခြံဝန်းအတွင်း၌ ဝဲ/ယာရင်အုံ၊ ဝမ်းဗိုက် တို့တွင်ထိုးသွင်းဒဏ်ရာများဖြင့် လဲကျသေဆုံးနေသည် ကိုတွေ့ရှိခဲ့ရသည်။
ဆက်လက်၍ ပြစ်မှုကျူးလွန်သူကိုဖမ်းဆီးရမိနိုင်ရေးအတွက် ဒေသခံများနှင့်အတူစုံစမ်းခဲ့ရာ ဝိုင်းချစ်(ခ)ရှိန်နေမင်းထက် သည် ဩဂုတ် ၄ ရက်နေ့ ညနေ(၆)နာရီအချိန်ခန့်က ဝိုင်းချစ်(ခ)ရှိန်နေမင်း ထက် သည် ဇရပ်ခင်ရွာဟောင်းရှိ အမဝမ်းကွဲဖြစ်သူ မနန္ဒာသဲ(အလယ်တန်းပြ)နေအိမ်သို့ရောက်ရှိလာခဲ့ ပြီး ၎င်းကိုင်ဆောင်သည့် ဖုန်းအားသိမ်းထားပေးရန်ပြော၍ထားရစ်ခဲ့ပြီး ယင်းကျေးရွာ၏အနောက်ဘက် သို့ သူငယ်ချင်းဖြစ်သူ ပေါ်ကြီး(ခ)စောချို(၂၁)နှစ်၊ဇရပ်ခင်ရွာဟောင်းနေသူနှင့်အတူ ထွက်သွားခဲ့ကြောင်း သိရှိခဲ့ရသည့်အတွက် ပေါ်ကြီး(ခ)စောချို အား ရဲစခန်းသို့ခေါ်ဆောင်ပြီး အမှုဖြင့်ဆက်လက်စစ်ဆေးခဲ့ရာ ဩဂုတ်(၄)ရက်နေ့ည ၁၁ နာရီအချိန်ခန့်က ဝိုင်းချစ်(ခ)ရှိန်နေမင်းထက် နှင့် အတူအရက်အတူတူ သောက်စားရင်း မိန်းကလေးတစ်ယောက်အား သူပိုးမည် ငါပိုးမည် အငြင်းပွားကာစကားများခဲ့ပြီး ဝိုင်း ချစ်(ခ)ရှိန်နေမင်းထက် မှ အနီးရှိဝါးလုံးဖြင့် ပေါ်ကြီး(ခ)စောချို အား နှစ်ချက်ရိုက်ခဲ့ကြောင်း ထို့သို့ ဝါးလုံးဖြင့်အရိုက်ခံရသည်ကို ဒေါသထွက်သည့်အလျောက် ပေါ်ကြီး(ခ)စောချို ကအသင့်ဆောင်ယူလာ သည့် အရိုးအသွား ၁၄ လက်မရှိ ဓါးမြှောင်ဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်းစစ်ဆေးပေါ်ပေါက်၍ ပဲနွယ်ကုန်း နယ်မြေရဲစခန်းကအမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရ သည်။
ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
သမီးရည်းစားကိစ္စ အချင်းချင်းစကားများရာမှ လူသတ်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
19:21
Rating:
