ကမ္ဘောဒီးယား ၃ဝ ကန် ပြည်နှင်ဒဏ်ပေး

(ကမ္ဘောဒီးယားနိုင်ငံ Phnom Penh မြို့မှာ နိုင်ငံတော်အလံ စိုက်ထူထားတာကို ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်)
အမေရိကန်ဥပဒေအရ ကြီးလေးတဲ့ပြစ်မှုကျူးလွန်တဲ့အတွက် ပြစ်ဒဏ်ကျခံရပြီး အမေရိကန်နိုင်ငံသား ဖြစ်ခွင့်မရှိသူတွေကို မူရင်းနိုင်ငံပြန်ပို့ခွင့်ရှိတဲ့အတွက် အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ဖူးတဲ့ ကမ္ဘောဒီးယားလူမျိုး ၃ဝ ဟာ မူရင်းနိုင်ငံပြန်ပို့ခံရလို့ မနေ့က ပြန်ရောက်လာပါတယ်။

၂ဝဝ၂ ခုနှစ်မှာ နှစ်နိုင်ငံရရှိထားတဲ့ သဘောတူညီချက်အရ ဒီ လူ ၃ဝ ဟာ ကမ္ဘောဒီးယားကို ပြန်ပို့ခံရတဲ့ နောက်ဆုံးအသုတ်ဖြစ်ပါတယ်။ ကမ္ဘောဒီးယား လူမျိုး ၅ဝဝ ကျော်ကို ပြန်ပို့ထားပြီးလည်းဖြစ်ပါတယ်။

ဒါဟာ မိသားစုကို ခွဲလိုက်တာဖြစ်ပြီး ပြန်ပို့ခံရသူတချို့ဟာ ၁၉၇၅ ကနေ ၇၉ ထိ အာဏာချုပ်ကိုင်ခဲ့တဲ့ ခမာနီအစိုးရလက်ထက်မှာ ထိုင်းနိုင်ငံကို ဒုက္ခသည်စခန်းတွေမှာ မွေးဖွားခဲ့သူတွေဖြစ်လို့ ကမ္ဘောဒီးယားမှာ တစ်ခါဖူးမှ နေထိုင်ခဲ့ဖူးတာမဟုတ်တဲ့အတွက် နေရပ်ပြန်ပို့တဲ့အစီစဉ်ဟာ အငြင်းပွားစရာလည်း ရှိပါတယ်။

ကမ္ဘောဒီးယား-အမေရိကန် ဆက်ဆံရေးကလည်း အတက်အကျရှိတာမို့ ဒီအစီစဉ်ကို မနှစ်က ဆိုင်းငံ့ထားပေမယ့် ခုပြန်အသက်ဝင်တာလည်း ဖြစ်ပြန်ပါတယ်။

ပြန်ပို့ခံရသူတွေကို အမေရိကန်အစိုးရကပေးတဲ့ ရန်ပုံငွေနဲ့ ထူထောင်ထားတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့ဆီ ယာယီပို့ဆောင်ပါတယ်။ အဲဒီမှာ ကမ္ဘောဒီးယား ဥပဒေနဲ့ ယဉ်ကျေးမှု သင်တန်းတက်ရပြီး အလုပ်အကိုင်ရှာဖွေဖို့ အကူအညီရရှိပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ကမ္ဘောဒီးယား ၃ဝ ကန် ပြည်နှင်ဒဏ်ပေး ကမ္ဘောဒီးယား ၃ဝ ကန် ပြည်နှင်ဒဏ်ပေး Reviewed by THITHTOOLWIN on 10:48 Rating: 5
Powered by Blogger.