ငါးမျှားသူတစ်ဦး ငါးမျှားတံကြိုးနှင့် လျှပ်စစ်မီးကြိုးငြိမိရာမှ ဓာတ်လိုက်သေဆုံး


မိုးညှင်း သြဂုတ် ၂

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ထန်းတပင်ကျေးရွာ မြောက် ဘက် နန့်ရင်းချောင်းတွင် ငါးမျှားသူတစ်ဦးငါးမျှားကြိုးနှင့်လျှပ်စစ် မီးကြိုးထိမိရာမှ ဓာတ်လိုက်သေဆုံးခဲ့သဖြင့် မိုးညှင်းမြို့မရဲစခန်းမှ သေမှုသေခင်း ရေးဖွင့်ထားသည်။

ဖြစ်ပွားပုံမှာ ယမန်နေ့ မွန်းလွဲ ၃နာရီ ၃၅မိနစ်တွင် မိုးညှင်း မြို့မရဲစခန်း၌ ဒုရဲအုပ်ကျော်မင်းထွေးသည် တာဝန်မှူးဆောင်ရွက် နေစဉ် မိုးညှင်းခရိုင်ဆေးရုံ၌ ဓာတ်လိုက်သေဆုံးသော အမျိုးသား တစ်ဦးရောက်ရှိနေကြောင်း သတင်းရရှိ၍ သက်သေများဖြစ်သော ရွာသစ်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ယု၊ ထန်းတပင် ကျေးရွာရာအိမ်မှူး ဦးမြင့်ကျော်တို့နှင့်အတူ သွားရောက်စစ်ဆေး ခဲ့ကြသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ သေဆုံးသူမှာ ပျော်ဘွယ်ကျေးရွာ နေ ဦးဝင်းညွန့်ဆိုသူဖြစ်ပြီး ၄င်း၏ခန္ဓာကိုယ်တွင် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမတွေ့ရှိရဘဲ စုံစမ်းမေးမြန်းမှုပြုရာ ¤င်းနှင့်အတူ ငါးမျှားသွားသူ ခင်မောင်စန်း၏ ဟြေကြားချက်အရ သေဆုံးသူ ဦးဝင်းညွန့်နှင့်ခင်မောင်စန်းတို့သည် ထန်းတပင်ကျေးရွာမြောက် ဘက်နန့်ရင်းချောင်းတွင် နေရာခွဲပြီးငါးမျှားကြစဉ် လဲကျသံကြားရ သဖြင့် လှမ်းကြည့်ရာ ဦးဝင်းညွန့်၏ ငါးမျှားတံကြိုးနှင့် အထက်ရှိ လျှပ်စစ်ကြိုးတို့ငြိရာမှ ဓာတ်လိုက်ခြင်းဖြစ်ပြီး ဦးဝင်းညွန့်အား ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဦးဝင်းညွန့်(၃၇နှစ်) ပျော်ဘွယ်ကျေးရွာ မိုးညှင်း မြို့နယ် သေဆုံးမှုအား မိုးညှင်းမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ် စဉ် ၄ဝ/၂ဝ၁၈ ဖြင့် ရေးဖွင့်ထားကြောင်း သိရသည်။

ကချင်မြေနဂါး
The Union Daily
https://www.facebook.com/uniondaily.net/
ငါးမျှားသူတစ်ဦး ငါးမျှားတံကြိုးနှင့် လျှပ်စစ်မီးကြိုးငြိမိရာမှ ဓာတ်လိုက်သေဆုံး ငါးမျှားသူတစ်ဦး ငါးမျှားတံကြိုးနှင့် လျှပ်စစ်မီးကြိုးငြိမိရာမှ ဓာတ်လိုက်သေဆုံး Reviewed by THITHTOOLWIN on 21:01 Rating: 5
Powered by Blogger.