တပ်တွင်း ခြစားမှုဒဏ်ကို ကြံ့ကြံ့ခိုင်နိုင်ဖို့ တရုတ်သမ္မတ ပြောကြား

Photo: REUTERS/Damir Sagol
 ခြစားမှုရဲ့ လှိုက်စားခြင်းဒဏ်ကို တရုတ်စစ်တပ်အနေနဲ့ ကြံ့ကြံ့ခိုင်နိုင်ဖို့ ကြိုးစားရမှာဖြစ်တယ်လို့ တရုတ်သမ္မတ ရှီကျင်းပင်က ပြောဆိုတယ်လို့ တနင်္ဂနွေနေ့က တရုတ်အစိုးရပိုင်မီဒီယာက ရေးသားပါတယ်။

ကမ္ဘာအကြီးဆုံး တပ်မတော်ဖြစ်ပြီး ခေတ်မီတိုးချဲမှုတွေလုပ်နေချိန်မှာ တပြိုင်တည်း တပ်တွင်း ခြစားမှုတွေကိုလည်း လွန်ခဲ့တဲ့ ၆ နှစ်လောက်ကတည်းက တိုက်ဖျက်နေတာဖြစ်ပါတယ်။ သမ္မတဟာ တရုတ်ကွန်မြုနစ်ပါတီနဲ့ တပ်မတော်အတွင်း ခြစားမှုတွေ ကင်းစင်ဖို့ အကြိမ်ကြိမ်သတိပေးခဲ့ပြီး အရေးယူတာတွေလည်း ဆက်တိုက် ဆောင်ရွက်ခဲ့ပါတယ်။

တရုတ်လွတ်မြောက်ရေးတပ်မတော်က ထိပ်ပိုင်းခေါင်ဆောင်တွေ အပါအ၀င် အရာရှိကြီး အတော်များများလည်း အဖမ်းခံရသလို တပ်မတော်ဗဟိုကော်မရှင် ဒုတိယဥက္ကဌဟောင်း နှစ်ဦးလည်း အရေးယူခံခဲ့ရပါတယ်။

တနင်္ဂနွေနေ့က ပြီးဆုံးသွားတဲ့ တပ်မတော်ဗဟိုကော်မရှင် အစည်းအဝေးနောက်ဆုံးနေ့မှာ သမ္မတက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဟာ အမြဲရှိနေမှာ ဖြစ်သလို ပိုပြီးထဲထဲဝင်ဝင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
တပ်တွင်း ခြစားမှုဒဏ်ကို ကြံ့ကြံ့ခိုင်နိုင်ဖို့ တရုတ်သမ္မတ ပြောကြား တပ်တွင်း ခြစားမှုဒဏ်ကို ကြံ့ကြံ့ခိုင်နိုင်ဖို့ တရုတ်သမ္မတ ပြောကြား Reviewed by THITHTOOLWIN on 10:10 Rating: 5
Powered by Blogger.