သုံးခွမြို့နယ် အောင်သာဒါန်းကျေးရွာနှင့် ထွန်းစိန်ကျေးရွာတို့တွင် ထူးကဲဒီရေဝင်ရောက်မှုကြောင့် လယ်သမားတာ ကျိုးပေါက်


သုံးခွ ဩဂုတ် ၁၃

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် အောင်သာဒါန်းကျေးရွာတွင် ဩဂုတ်လ ၁၂ ရက် ၃ နာရီခွဲက ပင်လယ်ဒီရေ မြင့်တက်မှုကြောင့် ဆည်မြောင်းစွန့်ပစ်တာ (လယ်သမားတာ)မှာ ပေ ၂၀ ခန့် တစ်နေရာနှင့် ပေ ၃၀ ခန့်တစ်နေရာ တာကျိုးပေါက်ပြီး ပင်လယ်ဒီရေ ဝင်ရောက်သဖြင့် ပင်လယ်ကမ်းစပ်အနီး နေထိုင်သော လူနေအိမ်(၂၅)လုံး ရေနစ်မြုပ်ခဲ့သည်။


အလားတူ ညနေ ၄ နာရီခွဲတွင် ထွန်းစိန်ကျေးရွာတွင် မုတ္တမ ပင်လယ်ကွေ့ ပင်လယ်ဒီရေ မြင့်တက်လာမှုကြောင့် ထွန်းစိန်ကျေးရွာရှိ လယ်သမားများ ကိုယ်ထူကိုယ်ထ ပြုလုပ်ထားသော တာမှာ ပင်လယ် ဒီရေကြောင့် ပေ ၃၀ ခန့်တစ်နေရာ ကျိုးပေါက်ခဲ့ပြီး ပင်လယ်ဒီရေ ဝင်ရောက်လာသဖြင့် ပင်လယ်ကမ်းစပ်အနီး နေထိုင်သော တံငါတဲ(၂) လုံး ရေထဲ မျောပါ ပျက်စီးသွားခဲ့ပြီး (၁၅)လုံးမှာ ရေနစ်မြုပ်ခဲ့သည်။


အဆိုပါ ရေနစ်မြုပ်သွားသော အိမ်ထောင်စုများအား လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် မီးသတ်ဦးစီးဌာန၊ NGO အဖွဲ့အစည်းများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများမှ ၎င်းတို့၏ ဆွေမျိုးများ နေအိမ်တွင် ပြောင်းရွှေ့နေရာချထားပေးခဲ့သည်။ ထူးကဲဒီရေဝင်ရောက်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

တင်တင်ထွေး
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
သုံးခွမြို့နယ် အောင်သာဒါန်းကျေးရွာနှင့် ထွန်းစိန်ကျေးရွာတို့တွင် ထူးကဲဒီရေဝင်ရောက်မှုကြောင့် လယ်သမားတာ ကျိုးပေါက် သုံးခွမြို့နယ် အောင်သာဒါန်းကျေးရွာနှင့် ထွန်းစိန်ကျေးရွာတို့တွင် ထူးကဲဒီရေဝင်ရောက်မှုကြောင့် လယ်သမားတာ ကျိုးပေါက် Reviewed by THITHTOOLWIN on 18:44 Rating: 5
Powered by Blogger.