ပေါင်မြို့နယ်၌ ထူးကဲဒီရေကြောင့် အိမ် ၃၇ လုံး ပြိုကျပျက်စီး


သထုံ သြဂုတ် ၁၂

မွန်ပြည်နယ် ပေါင်မြို့နယ် အလှပ်ကျေးရွာတွင် သြဂုတ် ၁၂ ရက် ညနေ ၃ နာရီက ထူးကဲဒီရေ တက်သဖြင့် အိမ် ၃၇ လုံး ပြိုကျပြီး လူ ၂ဝဝ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်သွားကြောင်း သိရသည်။

ယင်းအပြင် အလှပ်တိုက်နယ်ဆေးရုံအတွင်း ရေများ ဝင်ရောက်မှုကြောင့် ဆေးရုံမှလူနာ ၂၅ ဦးအား အလှပ်ဘုန်းတော်ကြီးကျောင်းသို့ပြောင်း ရွှေ့ထားရကြောင်းနှင့် ဌာနဆိုင်ရာများနှင့် လူမှုရေး အဖွဲ့အစည်းများက သွားရောက်ကူညီဆောင်ရွက် ခဲ့ကြောင်း သိရသည်။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ပေါင်မြို့နယ်၌ ထူးကဲဒီရေကြောင့် အိမ် ၃၇ လုံး ပြိုကျပျက်စီး ပေါင်မြို့နယ်၌ ထူးကဲဒီရေကြောင့် အိမ် ၃၇ လုံး ပြိုကျပျက်စီး Reviewed by THITHTOOLWIN on 10:42 Rating: 5
Powered by Blogger.