![]() |
အင်ဒိုနီးရှားမှာ ကျင်းပမယ့် အာရှအားကစားပွဲတော်အတွက် ကင်းလှည့်နေတဲ့ ရဲတပ်ဖွဲ့ဝင်များ။Photo: AFP |
သံသယရှိရင် နောက်မှမေး၊ အရင်ရှင်းလိုက်ဆိုတဲ့ ဒီစီမံချက်အောက်မှာ အင်ဒိုနီးရှားရဲတပ်ဖွဲ့က ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
နိုင်ငံတကာ အားကစားပွဲတော် လက်ခံကျင်းပနိုင်ဖို့အတွက် လူ့အခွင့်အရေးရဲ့ တန်ဖိုးတွေ မချိုးဖောက်ရဘူးလို့ AI အဖွဲ့ရဲ့ အင်ဒိုနီးရှားဆိုင်ရာ အမှုဆောင်ညွှန်ကြားရေးမှူး အူစမန်ဟာမစ်က ပြောပါတယ်။
ဒီလိုစီမံချက်နဲ့ နှိမ်နင်းနေတဲ့အတွက် ဇန်နဝါရီလကစလို ခုချိန်ထိ တွက်မယ်ဆိုရင် ရဲတပ်ဖွဲ့က ပစ်သတ်လိုက်တဲ့ သူပေါင်းဟာ တနိုင်ငံလုံးမှာ ၇၇ ယောက် ရှိပြီလို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီလူတွေထဲမှာ တချို့က အားကစားပွဲနဲ့ တိုက်ရိုက်ပတ်သက်တဲ့သူတွေ မဟုတ်ဘူးလို့ ဆိုပါတယ်။
အခုလို အင်အားသုံး ဖြေရှင်းတဲ့ မူဝါဒကို HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ကလဲ ပြစ်တင်ဝေဖန် ထားပါတယ်။
သြဂုတ်လ ၁၈ ရက်နေ့ကနေ စက်တင်ဘာလ ၂ ရက်နေ့အထိ ဂျကာတာနဲ့ တောင်ဆူမတြားကျွန်းမှာ ကျင်းပမယ့် အာရှအားကစားပွဲအတွက် ကစားသမား ၁ သောင်း ၁ ထောင်၊ သက်ဆိုင်ရာနိုင်ငံတွေက အစိုးရအဖွဲ့တွေနဲ့ အားကစားဆိုင်ရာ အရာရှိ ၅ ထောင်လောက် ရောက်လာမှာဖြစ်ပါတယ်။ ပွဲတော် လုံခြုံရေးအတွက် ရဲအင်အား သောင်းနဲ့ချီ ချထားပါတယ်။
လက်နက်ကိုင်ထားတဲ့ လူဆိုးသူခိုးတွေက၊ အသာတကြည် အဖမ်းမခံဘဲ ခုခံတဲ့အတွက် အားကစားပွဲတော် လုံခြုံရေးအတွက် ပစ်ခတ်နှိမ်နင်းရတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က တုံ့ပြန်ပြောဆို ထားပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
အင်ဒိုနီးရှား အာရှအားကစားပွဲတော်အကြို ရာဇဝတ်မှု သံသယရှိသူတွေ ပစ်သတ်ခံနေရ
Reviewed by THITHTOOLWIN
on
22:29
Rating:
