Photo: Samdech Hun Sen, Cambodian Prime Minister |
ပြုမိခဲ့တဲ့ လုပ်ရပ်မှားတွေကို ပြန်လည်ပြုပြင်နိုင်ရေးအတွက် ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အစိုးရကို ဝေဖန်သူတွေအပေါ် ပြင်းပြင်းထန်ထန်နှိပ်ကွပ်မှုတွေ လျှော့ပေါ့လာနေချိန်အတွင်း၊ ဝန်ကြီးချုပ် ဟွန်ဆင်က ပြောဆိုခဲ့တာပါ။ အခု သီတင်းပတ်အတွင်း မြေယာအခွင့်အရေး လှုပ်ရှားသူလေးဦး၊ အတိုက်အခံ နိုင်ငံရေးသမားတဦးနဲ့ လွတ်လပ်တဲ့ အာရှအသံ RFA သတင်းထောက်နှစ်ဦး တို့ကို အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။
ကမ္ဘောဒီးယားမှာ ၃၃ နှစ်ကြာ အာဏာရယူထားတဲ့ ဟွန်ဆင် ဟာ၊ နိုင်ငံကို ဆက်လက်အုပ်ချုပ်ဖို့ အတိုက်အခံပါတီတွေ၊ အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးချေမှုန်းနေခဲ့တာပါ။
ကြာသပတေးနေ့ မနေ့က အထည်ချုပ်စက်ရုံတရုံမှာ ပြောကြားတဲ့မိန့်ခွန်းထဲမှာ အခုလို အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ အစီအစဉ်ဟာ နိုင်ငံတကာဖိအားကြောင့် မဟုတ်ဘဲ၊ အစိုးရရဲ့ သနားကရုဏာကို ပြသဖို့ဖြစ်တယ်လို့ ဟွန်ဆင် က ပြောဆိုခဲ့ပါတယ်။
ပြန်လွှတ်ပေးမယ့်အထဲမှာပါဝင်မယ့် နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီး တစ်စုံတရာမပြောဆိုခဲ့ပေမဲ့၊ ပြီးခဲ့တဲ့ သုံးလေးနှစ်က ဖမ်းဆီးခဲ့တဲ့ အတိုက်အခံနိုင်ငံရေးပါတီဝင် ၁၂ ဦး ပါဝင်ဖွယ်ရှိတယ်လို့ အေပီသတင်းက ဖေါ်ပြပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပြုဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် စဉ်းစားနေ
Reviewed by THITHTOOLWIN
on
10:51
Rating: