ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းတို့နှင့် သိရှိခဲ့ဖူးခြင်း မရှိကြောင်း ဇေယျာဖြိုး ထွက်ဆို


ဦးကိုနီ လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး စစ်ဆေးခံနေတဲ့ဇေယျာဖြိုးက ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းတို့နဲ့ ဘယ်တုန်းကမှ တွေ့မြင်သိရှိကြားသိခဲ့တာမရှိဘူး လို့ ထွက်ဆိုခဲ့ပါတယ်။ သြဂုတ်(၁၀) ရက် ရုံးချိန်းမှာ တရားစွဲဆိုခံထားရတဲ့ ဇေယျာဖြိုးကို သူရဲ့ရှေ့နေက မေးမြန်းရာမှာ ကြည်လင်းအပါအဝင်(၃)ဦးကို တရားရုံးမှာ တရားစွဲတင် ဖို့ခေါ်ဆောင်လာတဲ့အခါမှသာ တွေ့မြင်ခဲ့ဖူးတာလို့ ထွက်ဆိုခဲ့ပါတယ်။

 ကြည်လင်းနဲ့ အောင်ဝင်းဇော်ကို တရားလိုက မေးမြန်းခဲ့စဉ်ကလည်း သူနဲ့ပတ်သက်တယ်ဆိုတဲ့အကြောင်းအရာမရှိကြောင်း ပေါ်လွင်ပြီးသား ဖြစ်တယ်လို့ ဇေယျာဖြိုးက တရားခွင်ရုံးချိန်း အပြီးမှာပြောဆိုခဲ့ပါတယ်။


 အမှုနဲ့ပတ်သက်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ အောင်ဝင်း ခိုင်ကို စစ်တက္ကသိုလ်မှာစီနီယာအနေနဲ့သာသိခဲ့တာဖြစ်ကြောင်း၊သက်သေ အဖြစ် တင်သွင်းထားတဲ့ အောင်ဝင်းခိုင်နဲ့ ဟောင်ကောင်မှာတွဲရိုက် ထားတဲ့ဓာတ်ပုံကလည်း ဟောင်ကောင် က မိတ်ဆွေရဲ့ဖခင်နာရေး အတွက် သွားရောက်စဉ် လေဆိပ်မှာ အမှတ်တမဲ့တွေ့ဆုံရိုက်ကူးခဲ့ တာဖြစ်ကြောင်းနဲ့ သွားရောက်တဲ့လေကြောင်းလိုင်း၊ တည်းခိုတဲ့ ဟိုတယ်မတူညီကြောင်းကိုလည်း ဇေယျာဖြိုးကထွက်ဆိုခဲ့ပါတယ်။

 သြဂုတ်(၁၀)ရက် ရုံးချိန်းမှာ ဇေယျာဖြိုးရဲ့ အရင်က ဦးနှောက်နဲ့သက်ဆိုင် တဲ့ ဆေးကုသမှုမှတ်တမ်းတွေ၊ ဇေယျာဖြိုး လက်မှတ်ပါဝင်တဲ့ဇေယျာဖြိုး ကုမ္ပဏီနဲ့ အစိုးရဝန်ကြီးဌာနတွေအကြားလုပ်ငန်းသဘောအရချုပ်ဆိုတဲ့ စာချုပ်(၅)စောင်တို့ကို သက်သေအဖြစ် တရားရုံးကလက်ခံခဲ့ပါတယ်။

 လက်ရှိအချိန်ထိ ဇေယျာဖြိုးရဲ့ထွက်ဆိုချက်တွေဟာ မှုခင်းနဲ့သက်ဆိုင်မှု အားနည်းနေသေးတယ်လို့ တရားလိုဘက်က တရားခွင်ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကပြောကြားခဲ့ ပါတယ်။ ဦးကိုနီလုပ်ကြံခံရတဲ့အမှုမှာ ဇေယျာဖြိုးကို အားပေးကူညီသူ အဖြစ် စွပ်စွဲခံထားရတာဖြစ်ပြီး သြဂုတ်(၁၆)ရက် ရုံးချိန်းမှာ ထပ်မံစစ်ဆေးသွားမယ်လို့ သိရပါတယ်။

သတင်း-စန်းသီရိခင်
One News Myanmar
https://www.facebook.com/onenewsmyan
ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းတို့နှင့် သိရှိခဲ့ဖူးခြင်း မရှိကြောင်း ဇေယျာဖြိုး ထွက်ဆို ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းတို့နှင့် သိရှိခဲ့ဖူးခြင်း မရှိကြောင်း ဇေယျာဖြိုး ထွက်ဆို Reviewed by THITHTOOLWIN on 21:06 Rating: 5
Powered by Blogger.