အဆို​တော် ​​ရွှေထိုက်​ ကို မူးယစ်​​ဆေးဝါး​တွေနဲ့ ဖမ်းမိ

ရန်ကင်းမြို့နယ်အတွင်းမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိသဖြင့် အမှုဖွင့်အရေးယူ
ရန်ကုန်၊ သြဂုတ် ၁၀

၉.၈.၂၀၁၈ ရက်နေ့တွင် ညနေ့ ၁၈း၄၅ နာရီအချိန် ရန်ကင်းမြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် မူးယစ်တပ်ဖွဲ့စု (၄၁)မှ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍
မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ ရန်ကင်းမြို့နယ်၊
အမှတ်(၁)ရပ်ကွက်၊ GOLDEN CITY အိမ်ရာ၊ တိုက်(ဘီ-၁)၊ (၁၇)လွှာ၊
အခန်း(၁၇၀၃)နေ သက်ဆွေမင်း(ခ) ကိုစိုင်း၊ (၃၅) နှစ်၊ နေအိမ်သို့
ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ မဝေလွင်ဇော်(ခ)ရွှေထိုက် (၃၇)နှစ်
တို့(၂)ဦး အားတွေ့ရှိရပြီး ၎င်းတို့အိပ်သည့် ကုတင်ပေါ်ရှိ Zhimei စာတန်း
ပါ ပိုက်ဆံအိတ်အတွင်းမှ အပြာရောင် ပလပ်စတစ် ကပ်ခွာဖြင့်ထည့်
လျက် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား(၁၀၅)ပြားပါ (၁)ထုပ်၊
(၁၀၀)ပြား (၁)ထုပ်စုစုပေါင်း (၂၀၅)ပြား၊ ပလပ်စတစ်ကပ်ခွာဖြင့်
ထည့်လျက် ICE ဟု ယူဆရသော အကြည်ရောင် အကြေခဲ (၃)ဂရမ်၊
မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများ MI
အမျိုးအစားလက်ကိုင် ဖုန်း (၂)လုံးတို့အား ရှာဖွေတွေ့ရှိသိမ်းဆည်းခဲ့ပြီး
စစ်ဆေးရာ ၎င်းတို့ငှားရမ်းနေထိုင်သည့် ရန်ကင်းမြို့နယ်၊ (၁၅)ရပ်ကွက်၊
အဝေရာလမ်းရှိ အမှတ်(၃၃/က) ပထမထပ်နေအိမ်တွင် မူးယစ်ဆေးဝါး
များ ကျန်ရှိနေသေး ကြောင်း သိရှိရသဖြင့် အဆိုပါနေအိမ်သို့သွား
ရောက်၍ သက်ဆွေမင်း(ခ) ကိုစိုင်းမှ အိမ်သော့အား ကိုယ်တိုင်
ဖွင့်လှစ်ပေးသဖြင့် ရှာဖွေရာ အိပ်ခန်းဘီဒိုအတွင်းမှ အပြာရောင်
ပလပ်စတစ်ကပ်ခွာအိတ်ဖြင့်ထည့်လျက် WY စာတန်းပါ ပန်းရောင်
စိတ်ကြွရူးသွပ်ဆေးပြား (၂၀၀)ပြားစီပါ အထုပ်(၅၈)ထုပ်၊ (၁၈၅)ပြား
ပါ(၁)ထုပ်၊ စုစုပေါင်း (၁၁၇၈၅)ပြား၊ ခဲရောင်ပလပ်စတစ်အိတ်ဖြင့်
ထည့်ထားသော ICE ဟုယူဆရသော အကြည် ရောင်အကြေခဲ (၇၇၀)
ဂရမ်ပါ(၁)ထုပ်၊ Kove is Flower စာတန်းပါ ဆပ်ပြားခွက်အတွင်း
ပလပ်စတစ် အိတ်ဖြင့်ထည့်ထား သော ဘိန်းဖြူဟုယူဆရသော
အမှုန့် (၁၁)ဂရမ်ခန့်ပါ (၁)ခွက်၊ ပလပ်စတစ်ဘူးအကြည်ဖြင့်
ထည့်ထားသော ဆေးခြောက်ဟုယူဆရသည့် အရိုးအရွက်ခြောက်
အလေးချိန်(၁၂)ဂရမ်ခန့်ပါ(၁)ဘူး၊ အိမ်ခန်းအတွင်းရှိ စားပွဲခုံပေါ်တွင်
ပလပ်စတစ်အကြည်ကပ်ခွာအိတ်ဖြင့်ထည့်ထားသော WY စာတန်းပါ
ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား (၄)ပြား၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင်
အသုံးပြုသည့် ပစ္စည်းကိရိယာများ ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ယင်းသို့ မူးယစ်ဆေးဝါးများရှာဖွေတွေ့ရှိသိမ်းဆည်းခဲ့သဖြင့်
သက်ဆွေမင်း(ခ)ကိုစိုင်းနှင့် မဝေလွင်ဇော်(ခ) ရွှေထိုက် တို့(၂)ဦးအား
ရန်ကင်းမြို့မရဲစခန်း မယ(ပ) ၂၈/၂၀၁၈ ၊ မူးယစ်ဆေးဝါးနှင့်
စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁
ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Yangon Police
https://www.facebook.com/yangonpolice/
အဆို​တော် ​​ရွှေထိုက်​ ကို မူးယစ်​​ဆေးဝါး​တွေနဲ့ ဖမ်းမိ အဆို​တော် ​​ရွှေထိုက်​ ကို မူးယစ်​​ဆေးဝါး​တွေနဲ့ ဖမ်းမိ Reviewed by THITHTOOLWIN on 20:47 Rating: 5
Powered by Blogger.