ဖာပွန် သြဂုတ် ၁၄
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သြဂုတ်၁၃ရက်မွန်းလွှဲ(၁)နာရီအချိန်ကဖာပွန်-ကမမောင်း-ဝါးဘိုးတောကားလမ်းအချို့ တို့တွင် ရေကျော်လျက်ရှိရာ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ ဖြတ်သန်းသွားလာရာတွင် အခက်အခဲရှိကြောင်း သိရသည်။
အဆိုပါ သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် ကမမောင်းမြို့ မိတ္ထီလာကျေးရွာ ကားလမ်းအရှည်ပေ(၅၀)ခန့်တွင် ရေအနက်(၃)ပေခန့်ရေကျော်လျက်ရှိရာ မော်တော်ယာဉ်ငယ် များအနေဖြင့် ဖြတ်သန်းသွားလာနေသော်လည်း အချို့ယာဉ်များမှာ ရေပြန်ကျမည့်အချိန်ကို စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။
အလားတူ ဖာပွန်မြို့တွင်လည်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဆင်စွယ်ကျေးရွာရှိ ဆင်စွယ်ချောင်းရေ မြင့်တက်လာသောကြောင့် ကားလမ်းအရှည် မိုင် ဝက်ခန့်တွင် ရေအနက်(၂)ပေခွဲခန့် ရေကျော်လျက်ရှိပြီး အဆိုပါချောင်းရေမှာ ရေထိုးကျန်းသည့်အတွက် အချို့မော်တော်ယာဉ်ငယ်များမှာ ရေပြန်ကြမည့် အချိန်ကို စောင့်ဆိုင်းနေကြသော်လည်း အချို့ယာဉ်များမှာ ခက်ခက်ခဲခဲ ဖြတ်သန်းသွားလာလျက်ရှိကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဖာပွန်-ကမမောင်း-ဝါးဘိုးတော ကားလမ်းအချို့တွင် ရေကျော်လျက်ရှိ
Reviewed by THITHTOOLWIN
on
21:45
Rating:
