မိတ္ထီလာမြို့ ကန်ပတ်လမ်း ဓမ္မသုခရွှေစည်ခုံဘုရားအနီးတွင် လူမှားခေါ်မိရာမှ လူငယ်အချင်းချင်း ဓားထိုးမှုဖြစ်ပွားရာ တစ်ဦးသေ နှစ်ဦးဒဏ်ရာရရှိ
မိတ္ထီလာ၊ သြဂုတ် ၎
မိတ္ထီလာမြို့နယ်၌ ကန်ပတ်လမ်း ဓမ္မသုခရွှေစည်ခုံဘုရားအနီးတွင် သြဂုတ်လ ၃ ရက်နေ့ ည ၉နာရီအချိန်က လူမှားခေါ်မိရာမှ လူငယ်ချင်းချင်း ဓားထိုးမှုဖြစ်ပွားရာ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သူငယ်ချင်းများဖြစ်ကြသည့် သီဟဇော် လျှော်ဖြူကန်ကျေးရွာ၊ ဇော်ဝင်းနိုင် လျှော်ဖြူကန် ကျေးရွာ၊ ကျော်မင်းထက်(ခ)မှတ်ကြီး လျှော်ဖြူကန်ကျေးရွာ၊ ကိုပိုင် လျှော်ဖြူကန်ကျေးရွာ၊ သူရကိုကို လျှော်ဖြူကန်ကျေးရွာ၊ ကျော်မင်းဦး လျှော်ဖြူကန်ကျေးရွာ မိတ္ထီလာမြို့နေသူတို့သည် မိတ္ထီလာကန်ပတ်လမ်း ဓမ္မသုခရွှေစည်ခုံဘုရားအနီးတွင် ထိုင်၍ စကားပြောနေစဉ် ကိုပိုင်မှ အရှေ့ဘက်မှလာသော လူငယ်(၃)ဦးအား လက်ခုပ်တီး၍ခေါ်လိုက်ရာ လူငယ်(၃)ဦးမှာ အနီးသို့ရောက်ရှိလာပြီး ဘာလို့ လက်ခုပ်တီးခေါ်တာလဲဟုဆိုကာ ၎င်းတို့(၃)ထဲမှ ဓားကိုင်ထားသော လူငယ်မှ သူရကိုကိုအား ခြေထောက်ဖြင့်ကန်၍ မျက်နှာသွေးထွက် ဒဏ်ရာ ရရှိခဲ့ပြီး ဇော်ဝင်းနိုင်မှ လူမှားနေသည်ဟုဆိုပြီး ပြောရာမှ ဓားကိုင်ထားသော လူငယ်မှ ဓားဖြင့်ထိုးရာ ဇော်ဝင်းနိုင်၏ ဝဲဘက်ရင်ဘက် ထိုးသွင်းဒဏ်ရာ(၁) ချက်နှင့် သီဟဇော်တွင် ဘယ်ဘက်ပခုံးတွင် ပြတ်ရှဒဏ်ရာ ရရှိခဲ့၍ ဆေးရုံးသို့ ပို့ဆောင်၍ ကုသစဉ် ဇော်ဝင်းနိုင်မှာ ရရှိသော ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမှတ်(၂)နယ်မြေရဲစခန်းမှ အသက်သေဆုံးအောင် ဓားနှင့်ထိုး ဒဏ်ရာ ရရှိအောင် ပြုလုပ်သူ အမည်မသိလူငယ်(၃)ဦးအား (ပ)၂၆၉/၂၀၁၈၊ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ဖြင့် အမှုဖွင့် ဆောင်ရွက်ပြီး တရားခံများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)
The Mirror Daily
https://www.facebook.com/TheMirrorDaily/
မိတ္ထီလာမြို့ ကန်ပတ်လမ်း ဓမ္မသုခရွှေစည်ခုံဘုရားအနီးတွင် လူမှားခေါ်မိရာမှ လူငယ်အချင်းချင်း ဓားထိုးမှုဖြစ်ပွားရာ တစ်ဦးသေ နှစ်ဦးဒဏ်ရာရရှိ
Reviewed by THITHTOOLWIN
on
19:53
Rating:
