(၂၂)ဘီးထွေလာကုန်ယာဉ်နှင့် မျက်နှာချင်းဆိုင်တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ သေဆုံး


ရေတာရှည် သြဂုတ် ၎

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့မြောက်ဘက်အထွက်တွင် သြဂုတ် ၃ ရက်နေ့ ညနေ(၆)နာရီ ခွဲအချိန်ခန့်က ရှေ့မှသွားနေသည့် ယာဉ်ကိုအရှိန်ဖြင့်ကျော်တက်စဉ် မျက်နှာချင်းဆိုင်ဘက်မှမောင်းနှင်လာ သော(၂၂)ဘီးကုန်တင်ယာဉ်နှင့်မျက်နှာချင်းဆိုင်တိုက်မိကာ ဆိုင်ကယ်မောင်းနှင်သူနေရာ၌ပင်ပွဲချင်းပြီး သေဆုံးသွား ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ရေတာရှည်မြို့မြောက်ဘက်အထွက်တွင် ယာဉ်တိုက်မှုဖြစ်ပွား ကြောင်းသတင်းအရ ရေတာရှည်မြို့မရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ် အောင်ကိုကိုသန့် ဦးစီးအဖွဲ့ကသွား ရောက်စစ်ဆေးခဲ့ရာ ရန်ကုန်-မန္တလေးကားလမ်းအတိုင်း တောင်မှမြောက်သို့ ခင်မောင်လေး(ခ)ကိုလေး (၄၉)နှစ်၊ အမှတ်(၁)ရပ်ကွက်၊ ရေတာရှည်မြို့နေသူသည်HONDA WAVE 100 ဖြင့် မောင်းနှင်နေစဉ် မိုင်တိုင် ၁၉၃/၂ နှင့် ၃ ကြားအရောက် ရှေ့မှသွားနေသည့်ယာဉ်အား အရှိန်ဖြင့်ကျော်တက်ခဲ့ရာ အခင်းဖြစ်နေ ရာအရောက် ရှေ့မျက်နှာချင်းဆိုင်မှ မိုးကျော်(၂၅)နှစ်၊ ရဲစုရပ်ကွက်၊ ကျောက်ဆည်မြို့ နေသူမောင်းနှင်လာသောYGN 7M/-------SCANIA (၂၂)ဘီးထွေလာ ကုန်တင်ယာဉ်နှင့် မျက်နှာချင်း ဆိုင်တိုက်မိခဲ့သည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ ခင်မောင်လေး(ခ)ကိုလေး မှာ ရရှိသော ဒဏ်ရာများဖြင့်နေရာတွင်သေဆုံးသွားခဲ့၍ ရေတာရှည်မြို့မ ရဲစခန်းကအမှုဖွင့် စစ်ဆေးလျက်ရှိကြောင်းသိရသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
(၂၂)ဘီးထွေလာကုန်ယာဉ်နှင့် မျက်နှာချင်းဆိုင်တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ သေဆုံး (၂၂)ဘီးထွေလာကုန်ယာဉ်နှင့် မျက်နှာချင်းဆိုင်တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ သေဆုံး Reviewed by THITHTOOLWIN on 19:45 Rating: 5
Powered by Blogger.